DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၇-၁-၂၀၂၆ ယနေ့မြန်မာစံတော်ချိန် ၁၃:၀၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အရှေ့အိန္ဒိယသမုဒ္ဒရာတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)သည် သိသိသာသာရွေ့လျားခြင်းမရှိဘဲ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၆၅၀ မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီမြို့ (Trincomalee)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၄၃၅ မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ပူဒူချယ်ရီမြို့(Puducherry)၏ အရှေ့တောင်ဘက် ရေမိုင် ၆၁၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကာ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

အာရှဒေသမြို့ကြီးများအလိုက် လက်ရှိမိုးလေဝသအခြေအနေနှင့် မနက်ဖြန်အတွက်မိုးလေဝသခန့်မှန်းချက်များ(၇-၁-၂၀၂၆)

အာရှဒေသမြို့ကြီးများအလိုက် လက်ရှိမိုးလေဝသအခြေအနေနှင့် မနက်ဖြန်အတွက် မိုးလေဝသခန့်မှန်းချက်များ(၇-၁-၂၀၂၆) ရက်နေ့ ထုတ်ပြန်ချက်

မြို့

လက်ရှိ

မိုးလေဝသ

အခြေအနေ

အပူချိန်

မနက်ဖြန်အတွက်

မိုးလေဝသ

ခန့်မှန်းချက်

အပူချိန်

အနိမ့်ဆုံး

အမြင့်ဆုံး

အနိမ့်ဆုံး

အမြင့်ဆုံး

နေပြည်တော်

အများအာဖြင့်သာယာ ၁၇ ၃၀ အများအာဖြင့်သာယာမည်။ ၁၇ ၃၀

ရန်ကုန်

အများအာဖြင့်သာယာ ၂၀ ၃၂ အများအာဖြင့်သာယာမည်။ ၂၀ ၃၂

တိုကျို

တိမ်အသင့်အတင့် -၁ တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။  ၁၂

ပေကျင်း

မြူကျ -၈ တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။  -၇

ဟောင်ကောင်

အများအာဖြင့်သာယာ ၁၇ အများအာဖြင့်သာယာ ၁၀ ၁၉

မနီလာ

တိမ်ထူထပ် ၂၄ ၃၀ မိုးရွာမည်။  ၂၄ ၂၉

ဟနွိုင်း

အများအာဖြင့်သာယာ ၁၁ ၂၁ တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။  ၁၀ ၂၂

ကွာလာလမ်ပူ

မိုးရွာ ၂၄ ၃၁ တိမ်ထူထပ်မည်။ ၂၃ ၃၄

ဂျာကာတာ

ထစ်ချုန်း ၂၃ ၂၇ မိုးရွာမည်။ ၂၃ ၃၀

စင်ကာပူ

တိမ်ထူထပ် ၂၄ ၃၀ မိုးရွာမည်။ ၂၄ ၃၂

ဘန်ကောက်

တိမ်အသင့်အတင့် ဖြစ်ထွန်း ၂၃ ၃၂ မြူကျမည်။ ၂၃ ၃၂

ဗီယန်ကျင်း

နေသာ ၁၆ ၂၉ မြူကျမည်။ ၁၅ ၂၈

ဖနွမ်းပင်

နေသာ ၂၂ ၃၂ အများအာဖြင့်သာယာမည်။ ၂၃ ၃၂
ဒါကာ အများအားဖြင့်သာယာမည်။ ၁၂ ၁၉ တိမ်ထူထပ်မည်။ ၁၁ ၂၀
ကိုးကာတား မြူကျ ၁၅ ၂၄ တိမ်ထူထပ်မည်။ ၁၂ ၂၂
ကိုလံဘို တိမ်အသင့်အတင့် ၂၃ ၃၂ တိမ်ထူထပ်မည်။ ၂၄ ၃၀
နယူးဒေလီ မြူကျ ၁၆ မြူကျမည်။ ၁၆