DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

(၁၆-၄-၂၀၂၄):  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် တောင်ပိုင်း တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့ တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ

ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ
 (၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့
        မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၉)၊၂၀၁၈ 

ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ

(က)    ယနေ့မြန်မာစံတော်ချိန်(၂၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်

အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း

တို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် မြောက်-

အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းတွင်

ဆိုင်ကလုန်းမုန်တိုင်း "ဖီထိုင်း" (PHETHAI) အဖြစ်သို့ အားကောင်းလာခဲ့ပါသည်။ အဆိုပါ

ဆိုင်ကလုန်းမုန်တိုင်း "ဖီထိုင်း" (PHETHAI)သည် အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai)၏

အရှေ့တောင်ဘက် မိုင်(၃၂၀)ခန့်၊ မာချီလီပတ္တနမ်မြို့ (Machilipatnam)၏ တောင်-အရှေ့တောင်

ဘက် (၄၁၅)မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီမြို့ (Triconmalee)၏ အရှေ့-အရှေ့မြောက်

ဘက် မိုင်(၂၄၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(ခ)    ဆိုင်ကလုန်းမုန်တိုင်း "ဖီထိုင်း"(PHETHAI)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့

ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း "ဖီထိုင်း"(PHETHAI)၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း "ဖီထိုင်း"(PHETHAI)သည် မြန်မာစံတော်ချိန် (၂၂:၃၀)နာရီအချိန်တွင်

မြောက်လတ္တီကျု (၁၀.၃)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၄.၉)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား

(၁၀၀၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)နှုန်းဖြစ်ပါသည်။

နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း "ဖီထိုင်း"(PHETHAI)သည် မြောက်-အနောက်မြောက်ဘက်သို့

ရွေ့လျားနိုင်ပြီး၊ နောက်(၂၄)နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း "ဖီထိုင်း"

(PHETHAI)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်        
(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း "ဖီထိုင်း"(PHETHAI)၏အရှိန်ကြောင့် ယနေ့ညမှ နောက်(၄၈)

နာရီအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်နှင့် ချင်းပြည်နယ်တို့

တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီး နှင့်ပြည်နယ်တို့တွင် နေရာကွက်ကျား

မိုးထစ်ချုန်းရွာနိုင်ပါသည်။

(ခ)    မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်း

များကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ

သည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း

တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၉)ပေခန့် ရှိနိုင်ပါသည်။

အကြံပြုချက်

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်

များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။