DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၉-၁-၂၀၂၆ : ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အရှေ့အိန္ဒိယသမုဒ္ဒရာ တို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ် (Deep Depression) သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းသို့ ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island) ၏ အနောက်တောင်ဘက် ရေမိုင် ၈၄၅ မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီမြို့ (Trincomalee) ၏ အရှေ့တောင်ဘက် ရေမိုင် ၁၈၀ မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ပူဒူချယ်ရီမြို့ (Puducherry) ၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၄၂၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် အနောက် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း သီရိလင်္ကာနိုင်ငံကမ်းခြေကို ပေါ့တူဗီလ်မြို့ (Pottuvil) နှင့် ထရီကိုမာလီမြို့ (Trincomalee) တို့အကြားမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီ ပင်လယ်ပြင်မြောက်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ် ထူထပ်နေပါသည်။

 

တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ မြို့ကြီးများအတွက် မိုးလေဝသခန့်မှန်းချက် ၈-၁-၂၀၂၆

တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ မြို့ကြီးများအတွက် မိုးလေဝသခန့်မှန်းချက် ၈-၁-၂၀၂၆   

စဉ်

တိုင်းဒေသကြီး/ ပြည်နယ်များရှိမြို့

ကြီးများ

မနက်ဖြန်အတွက် ခန့်မှန်းချက်

မိုးရွာသွန်းမ

အခြေအနေ

အမြင့်ဆုံးအပူချိန်     ဒီဂရီဆဲလ်စီးယပ်/ ဒီဂရီဖာရင်ဟိုက်

အနိမ့်ဆုံးအပူချိန်    ဒီဂရီဆဲလ်စီးယပ်/   ဒီဂရီဖာရင်ဟိုက်

၁။

နေပြည်တော်

အများအားဖြင့် သာယာမည်။

၃၁/၈၈

၁၅/၅၉

၂။

ရန်ကုန်

(ကမ္ဘာအေး)

တိမ်အနည်းငယ် ဖြစ်ထွန်းမည်။

၃၀/၈၆

၁၈/၆၄

၃။

မန္တလေး

တိမ်အနည်းငယ် ဖြစ်ထွန်းမည်။

၃၁/၈၈

၁၅/၅၉

၄။

ပဲခူး

အများအားဖြင့် သာယာမည်။

၃၂/၉၀

၁၄/၅၇

မကွေး

အများအားဖြင့် သာယာမည်။

၃၁/၈၈

၁၄/၅၇

ဟုမ္မလင်း

တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

၂၈/၈၂

၀၉/၄၈

မုံရွာ

အများအားဖြင့် သာယာမည်။

၃၁/၈၈

၁၄/၅၇

ပုသိမ်

တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

၃၂/၉၀

၁၈/၆၄

ထားဝယ်

တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

၃၃/၉၁

၁၅/၅၉

မြစ်ကြီးနား

တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

၂၇/၈၁

၀၉/၄၈

၁၀

လွိုင်ကော်

အများအားဖြင့် သာယာမည်။

၂၅/၇၇

၀၈/၄၆

၁၁

ဘားအံ

အများအားဖြင့် သာယာမည်။

၃၂/၉၀

၁၅/၅၉

ဟားခါး

တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

၁၄/၅၇

၀၀/၃၂

မော်လမြိုင်

အများအားဖြင့် သာယာမည်။

၃၂/၉၀

၁၈/၆၄

စစ်တွေ

တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

၂၇/၈၁

၁၀/၅၀

၁၅။

လားရှိုး

တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

၂၆/၇၉

၀၆/၄၁

တောင်ကြီး

တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

၂၁/၇၀

၀၈/၄၆

ကျိုင်းတုံ

တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

၂၆/၇၉

၁၁/၅၂