DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၀-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၁/၂၀၂၀)

မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၁/၂၀၂၀)

 (၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ  ၂၃  ရက်)        

              (မြန်မာစံတော်ချိန်(၀၉:၃၀)နာရီအချိန်ထုတ်ပြန်ချက်)

         

(က) မုန်တိုင်းငယ်အခြေအနေ

(၁)     ယနေ့မြန်မာစံတော်ချိန်(၀၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း သည် မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ပူဒူချယ်ရီ (Puducherry)မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင်(၃၇၅)မိုင်ခန့်နှင့် ချင်းနိုင် (Chennai)မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင်(၃၉၅)မိုင်ခန့်အကွာ ပင်လယ် ပြင်ကို ဗဟိုပြုနေပါသည်။

(၂)      မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦး တည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါ သည်။

 

(ခ) မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

                   အဆိုပါ မုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် (၀၈:၃၀)နာရီ အချိန်တွင် မြောက်လတ္တီကျု (၈.၆)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၅.၂)ဒီဂရီ တွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၄)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေ တိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၃၀)နှုန်း ဖြစ်ပါသည်။

 

(ဂ) နောက်(၄၈)နာရီအတွင်းခန့်မှန်းချက်

                   အဆိုပါ မုန်တိုင်းငယ်(Depression)သည် နောက်(၂၄)နာရီအတွင်း ဆိုင်ကလုန်း မုန်တိုင်း(Cyclonic Storm)အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ အနောက်မြောက်ဘက် သို့ ရွေ့လျားကာ၊ နိုဝင်ဘာ(၂၅)ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူး (Tamil Nadu)ကမ်းခြေနှင့် ပူဒူချယ်ရီ(Puducherry)ကမ်းခြေအနီးမှ ဖြတ်ကျော် ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။