DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၇-၆-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော အနောက်ဘင်္ဂလားပြည်နယ်တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် အားလျော့သွားခဲ့ပြီး ဖြစ်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပါသည်။

 

မြေငလျင်သတင်း

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၁၇:၀၀ နာရီ အချိန်ထုတ်ပြန်ချက်)

 

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၃) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၈)နာရီ၊ (၄၁)မိနစ်၊ (၄၄)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၄၅) မိုင် ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (တိုက်ကြီးမြို့၏ မြောက်-အနောက်မြောက်ဘက် (၁၂)မိုင် ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၇.၄၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၉၂) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၉) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။