DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၃၁-၁-၂၀၂၆:ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

လေဖိအားနည်းရပ်ဝန်းအခြေအနေ

လေဖိအားနည်းရပ်ဝန်းအခြေအနေ

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့ မြန်မာစံတော်ချိန် ၁၉:၀၀ နာရီအချိန် ထုတ်ပြန်ချက်

“ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း၊ (အိန္ဒိယ နိုင်ငံ၊ ဩရိဿပြည်နယ်တောင်ပိုင်း-အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေ)၌ ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက် ၂၄ နာရီ အတွင်း ဩရိဿပြည်နယ်တောင်ပိုင်း-အင်ဒရာပရာဒေ့ရှ်ပြည်နယ်မြောက်ပိုင်း ကမ်းရိုးတန်းဒေသများ ကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။”