Friday, February 28, 2025 - 14:15
၂၉-၅-၂၀၂၅:ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေတို့ကို ဆာဂါကျွန်း(Sagar Island)နှင့် ခီပူပါရာမြို့(Khepupara) တို့အကြားမှ ဖြတ်ကျော်ခဲ့သော အားကောင်းသောမုန်တိုင်းငယ် (Deep Depression)သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ မွန်ဂလမြို့ (Mongla)၏ အနောက်တောင်ဘက်မှ ကုန်းတွင်းပိုင်းဒေသများကို ဆက်လက် ဖြတ်ကျော်လျက်ရှိပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအလွန်ကောင်းနေပါသည်။