DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၁၅-၂-၂၀၂၆:ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော် တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

အားကောင်းသော လေဖိအားနည်းရပ်ဝန်းအခြေအနေ

အားကောင်းသော လေဖိအားနည်းရပ်ဝန်းအခြေအနေ

(၂၀၂၂ ခုနှစ်၊ မေ  ၂၁  ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်

 

(က)    အားကောင်းသော လေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area) အခြေအနေ

(၁)      ယနေ့မြန်မာစံတော်ချိန် (၀၅:၃)နာရီအချိန် တိုင်းထွာချက်များအရ  မြန်မာ နိုင်ငံ၊ ကရင်ပြည်နယ်၊ ရှမ်းရွာသစ်အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သော ကုန်းတွင်းမုန်တိုင်းငယ် (Land Depression)သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ထိုင်းနိုင်ငံမြောက်ပိုင်းသို့ ရောက်ရှိခဲ့ကာ၊ အားကောင်းသော လေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)အဖြစ် အား လျော့သွားခဲ့ပါသည်။ အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားပြီး၊ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)အဖြစ် တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။

(၂)      ယခုသတင်းသည် မုန်တိုင်းငယ်(Depression) အတွက် ထုတ်ပြန်ပေးသည့် နောက်ဆုံးသတင်း ဖြစ်ပါသည်။