DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

(၂၉-၀၃-၂၀၂၄):ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့ တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော် တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

၂၀၁၇ခုနှစ်၊ ဇူလိုင်လ၊ လပတ်အတွက် မိုးလေဝသခန့်မှန်းချက်

၂၀၁၇ခုနှစ်၊ ဇူလိုင်လ၊ လပတ်အတွက် မိုးလေဝသခန့်မှန်းချက်
=========================================
ဘင်္ဂလားပင်လယ်အော်အခြေအနေ
========================

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း(၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်

တွင် ပိုမိုအားကောင်းလာကာ၊ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ကပ္ပလီ

ပင်လယ် ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ

အားကောင်းနိုင်ပါ သည်။ ဇူလိုင်လတွင် မုတ်သုံလေ အားပြတ်ခြင်း (၁)ကြိမ် ဖြစ်ပေါ်နိုင်

ပါသည်။

မိုးအခြေအနေနှင့် မိုးရွာရက်
===================

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင်

ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း

ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီ

တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား

ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊

ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊

ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၂၀)ရက်မှ (၂၆)ရက်ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီး

အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်

နှင့် ကယားပြည်နယ်တို့တွင် (၁၃) ရက် မှ (၁၉)ရက်ခန့် မိုးထစ်ချုန်း ရွာနိုင်ပါသည်။