DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၅-၄-၂၀၂၆ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

သတင်းထုတ်ပြန်ချက်

"ရာသီဥတုပြောင်းလဲမှုနှင့်ပတ်သက်၍ IPCC ၏ အခန်းကဏ္ဍ၊ လှုပ်ရှား ဆောင်ရွက်မှုများနှင့် တွေ့ရှိချက်များနှင့် ပတ်သက်၍ ဆွေးနွေးပွဲ" သတင်းထုတ်ပြန်ချက်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနနှင့် ရာသီဥတု‌ပြောင်းလဲခြင်းဆိုင်ရာ အစိုးရများ အချင်း ချင်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (Intergovernmental Panel on Climate – IPCC) တို့ ပူးပေါင်းပြီး "ရာသီဥတုပြောင်းလဲမှုနှင့်ပတ်သက်၍ IPCC ၏ အခန်းကဏ္ဍ၊ လှုပ်ရှား ဆောင်ရွက်မှုများနှင့် တွေ့ရှိချက်များနှင့် ပတ်သက်၍ ဆွေးနွေးပွဲ" ဖွင့်ပွဲအခမ်းအနားကို ၂၀၁ခုနှစ်၊ မေလ (၃၀)ရက်နေ့ မွန်းလွဲ (၁၃:၀၀)နာရီ အချိန်တွင် နေပြည်တော်၊ ရုံးအမှတ်(၅)၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်မှ ကြိုဆိုနှုတ်ဆက် အမှာစကား ပြောကြားခဲ့ပါသည်။  ထို့‌နောက် IPCC Working Group I ၏ ဒုတိယဥက္ကဌ Mr. Panmao Zhai မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဖွင့်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊  IPCC မှ ပညာရှင်များ၊ ရန်ကုန် တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့မှ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၊ သစ်တောတက္ကသိုလ်နှင့် စိုက်ပျိုးရေးတက္ကသိုလ်တို့မှ ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဌာနအသီးသီးမှ ဖိတ်ကြားထားသူများ၊ မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်းများ တက်ရောက်ခဲ့ကြ ပါသည်။

ဆွေးနွေးပွဲကို ရာသီဥတုပြောင်းလဲမှုများအပေါ် IPCC ၏ အခန်း ကဏ္ဍ၊ လှုပ်ရှားဆောင်ရွက်မှုများနှင့် တွေ့ရှိချက်များအား သိရှိလာစေရေး၊ ရာသီဥတုပြောင်းလဲမှုအပေါ် မူဝါဒချမှတ်သူများအတွက် သိပ္ပံနည်းကျ မူဝါဒ များ ချမှတ်နိုင်သည့် တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်နိုင်ရေး၊ ရာသီဥတု ပြောင်းလဲမှုအခြေအနေများကို ဒေသတွင်းရှိ သိပ္ပံနှင့်သုတေသနအသိုင်း အဝိုင်းများ၊ မီဒီယာများ ပိုမိုသိရှိလာစေရေး အစရှိသည့် ရည်ရွယ်ချက် များဖြင့် ကျင်းပ ပြုလုပ်ခြင်း ဖြစ်ပါသည်။

ဆွေးနွေးပွဲကို ၂၀၁ခုနှစ်၊ ​မေလ (၃၁) ရက်နေ့ အထိ ဆက်လက် ကျင်းပသွားမည်ဖြစ်ပါသည်။