DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁-၁၂-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်း-ပူဒူချယ်ရီကမ်းခြေနှင့် အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၇၅၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပူဒူချယ်ရီမြို့(Puducherry)၏ အရှေ့မြောက်ဘက် ရေမိုင် ၇၅ မိုင်ခန့်နှင့် ချင်းနိုင်မြို့ (Chennai)၏ အရှေ့တောင်ဘက် ရေမိုင် ၂၀ မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်း-ပူဒူချယ်ရီကမ်းခြေနှင့် အင်ဒရာ ပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့နှင့်အပြိုင် မြောက်ဘက်သို့ ဖြည်းညှင်းစွာဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၁၂ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် အားလျော့သွား နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်တွင် အများအားဖြင့် သာယာနေပြီး ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် တိမ်ထူထပ်နေကာ ကျန် ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

Cyclone News

ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၀/၂၀၂၀)
  ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၀/၂၀၂၀)  (၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ  ၂  ရက်)            (မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်)           (က) ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ (၁)    ...
ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၉/၂၀၂၀)
ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၉/၂၀၂၀)  (၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ  ၂  ရက်)            (မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)           (က) ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ (၁)    ...
ဆိုင်ကလုန်းမုန်တိုင်းသတင်းအမှတ်စဉ်(၀၈/၂၀၂၀)
ဆိုင်ကလုန်းမုန်တိုင်းသတင်းအမှတ်စဉ်(၀၈/၂၀၂၀)  (၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ၂ရက်)    (မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်) (က) ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ (၁)     ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)...
ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၇/၂၀၂၀)
ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၇/၂၀၂၀)  (၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ  ၁  ရက်)            (မြန်မာစံတော်ချိန်(၂၃:၀၀)နာရီအချိန်ထုတ်ပြန်ချက်) (က) ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ (၁)    ...
ဆိုင်ကလုန်းမုန်တိုင်းသတင်းအမှတ်စဉ်(၀၇/၂၀၂၀)
ဆိုင်ကလုန်းမုန်တိုင်းသတင်းအမှတ်စဉ်(၀၇/၂၀၂၀)  (၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ၁ရက်)    (မြန်မာစံတော်ချိန်(၂၃:၀၀)နာရီအချိန်ထုတ်ပြန်ချက်) (က) ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ (၁) ယနေ့မြန်မာစံတော်ချိန် (၂၁:၃၀)...

Pages