DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၇-၁-၂၀၂၆ ယနေ့မြန်မာစံတော်ချိန် ၁၃:၀၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အရှေ့အိန္ဒိယသမုဒ္ဒရာတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)သည် သိသိသာသာရွေ့လျားခြင်းမရှိဘဲ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၆၅၀ မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီမြို့ (Trincomalee)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၄၃၅ မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ပူဒူချယ်ရီမြို့(Puducherry)၏ အရှေ့တောင်ဘက် ရေမိုင် ၆၁၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကာ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

Earthquake News

Earthquake News
မြေငလျင်သတင်း ၂၀၁၉ ခုနှစ်၊ မတ်လ (၁၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇)နာရီ၊ (၄၄)မိနစ်၊ (၂၉)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက်ဘက် မိုင် (၃၈၀) ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (...
Earthquake News
မြေငလျင်သတင်းထုတ်ပြန်ချက် ၂၀၁၉ ခုနှစ်၊ မတ်လ (၅) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၂)နာရီ၊ (၀၄)မိနစ်၊ (၀၃)စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၃၃) မိုင် ခန့်ကွာဝေးသော...
Earthquake News
မြေငလျင်သတင်း မြန်မာစံတော်ချိန် (     ၁၆း၁၅)နာရီ ထုတ်ပြန်ချက်   ၂၀၁၉ ခုနှစ် ၊ ဖေဖော်ဝါရီလ (၂၂)ရက်နေ့ မြန်မာစံတော်ချိန် (၁၅)နာရီ (၅၂) မိနစ် (၅၂)စက္ကန့် အချိန်တွင်  ပုသိမ်မြေငလျင်စခန်းမှ အရှေ့တောင်ဘက်...
Earthquake News
မြေငလျင်သတင်း ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅)နာရီ၊ (၃၅)မိနစ်၊ (၄၂)စက္ကန့် အချိန်တွင် နေပြည်တော်မြငလျင်စခန်းမှ အရှေ့-အရှေ့တောင်ဘက် (၂၃၂) မိုင်ခန့် ကွာဝေးသော မြန်မာ...
Earthquake News
မြေငလျင်သတင်း ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄)နာရီ၊ (၅၂)မိနစ်၊ (၅၈)စက္ကန့် အချိန်တွင် ဂွမြေငလျင်စခန်းမှ အရှေ့မြောက်ဘက်  (၅၃) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (...

Pages