DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၇-၉-၂၀၂၄: ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် မြောက်ယွန်းယွန်းသို့ ရွေ့လျားနိုင်ပြီး၊ ၈-၉-၂၀၂၄ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းလွန်-အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေ)တွင် မုန်တိုင်းငယ် (Depression)အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။

Earthquake News

မြေငလျင်သတင်း

                             (မြန်မာစံတော်ချိန် ၁၇:၄၅ နာရီ အချိန်ထုတ်ပြန်ချက်)

 

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၇)နာရီ၊ (၃၃)မိနစ်၊ (၁၇) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အရှေ့ဘက် မိုင် (၁၆၆၀) ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်ပ(Philippine Islands Region)၊ မြောက်လတ္တီတွဒ်(၁၉.၂၁)ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၁၂၁.၂၉)ဒီဂရီ၊ အနက် (၆၂)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (.)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိ ပါသည်။