မိုးလေဝသ သတင်းများ၌သုံးသော အသုံးအနှုန်းများနှင့် ဆိုလိုသည့် အဓိပ္ပါယ်များ
မိုးလေဝသခန့်မှန်းချက် မည်မျှလောက် သေချာသည်၊ မသေချာသည်ကို ခန့်မှန်းချက် ထုတ်ပြန်ရာတွင် အသုံးပြုထားသည့် စကားလုံးများကို ကြည့်ခြင်းဖြင့်သိရှိနိုင်ပါသည်။ ထို့ကြောင့် မိုးလေဝသ ခန့်မှန်းချက် အသုံးပြုသော ပုဂ္ဂိုလ်အဖွဲ့အစည်းများသည် ခန့်မှန်းချက်များမည်မျှထိ ရောက်နိုင် သည်ကို အသုံးပြုထားသည့် စကားလုံးများကို သေချာစွာ လေ့လာရန် လိုအပ်ပါသည်။
၁။ | ပထမဆင့် ခန့်မှန်းရာတွင် (မည်) ဆိုသည့်စကား ထည့်သွင်းထားပါသည်။ ဥပမာ။ မိုးရွာမည်။ မိုးထစ်ချုန်းရွာမည်။ (သေချာသည့် ရာခိုင်နှုန်းမှာ (၈၀)၊ သို့မဟုတ် ရာခိုင်နှုန်းပြည့်) |
၂။ | ဒုတိယအဆင့် ခန့်မှန်းချက်တွင် (နိုင်) ဆိုသည့်စကား ထည့်သွင်းထားပါသည်။ ဥပမာ။ မိုးထစ်ချုန်းရွာနိုင်ပါသည်။ (သေချာသည့် ရာခိုင်နှုန်းမှာ (၆၀)) |
၃။ | တတိယအဆင့် ခန့်မှန်းချက်တွင် (ဘွယ်ရာရှိသည်) ဆိုသည့် စကားထည့်သွင်းထား ပါသည်။ |
(၁) အနှံ့အပြား | နေရာတိုင်းတွင် မိုးရွာခြင်း၊ လေပြင်းတိုက်ခတ်ခြင်းဖြစ်ပါသည်။ မုန်တိုင်း၊ သို့မဟုတ် အခြားမိုးလေဝသဆိုးဝါးချက်ကြောင့် ဖြစ်ပါသည်။ မိုးရာသီတွင် မုတ်သုံလေအား ကောင်းသောအခါများ၌ ဖြစ်ပေါ် ပါသည်။ |
(၂) နေရာစိတ်စိတ် | (၈၀)ရာခိုင်နှုန်းသော နေရာတွင်ဖြစ်ပေါ်ပါသည်။ မုန်တိုင်း၊သို့မဟုတ် အခြားမိုးလေဝသ ဆိုးဝါးချက်ကြောင့် ဖြစ်ပါသည်။ မိုးရာသီတွင် မုတ်သုံလေအား အသင့်အတင့်ကောင်းသောအခါ ဖြစ်ပါသည်။ |
(၃) နေရာကဲျကဲျ | (၅၀) ရာခိုင်နှုန်းသော နေရာတွင် ဖြစ်ပေါ်ပါသည်။ လေပွေလှိုင်းများ၊ မုန်တိုင်းစပေါ်ကာစ အချိန်အခါများ၌ ဖြစ်ပါသည်။ မိုးတွင်းအခါများ တွင်မုတ်သုံလေ အားပျော့သောအခါများတွင် ဖြစ်ပါသည်။ |
(၄) နေရာကွက်ကျား | (၃၀) ရာခိုင်နှုန်းသော နေရာတွင် ဖြစ်ပေါ်ပါသည်။ လေပွေလှိုင်းများ၊ မုန်တိုင်းစပေါ်ကာစ အချိန်အခါများ၌ ဖြစ်ပါသည်။ မိုးတွင်းအခါများ တွင် မုတ်သုံလေအား အလွန်ပျော့သောအခါများတွင် ဖြစ်ပါသည်။ |
(၅) ပြတ်တောင်း | မိုးရွာလိုက်၊ ရပ်လိုက်ဖြစ်ပါသည်။ မုန်တိုင်း၊ သို့မဟုတ် အခြားသော မိုးလေဝသအခြေအနေများဖြစ်ပေါ်သည့်အခါဖြစ်ပါသည်။ မိုးတွင်းတွင် မုတ်သုံလေအား ကောင်းပါက ဖြစ်ပါသည်။ |
(၆) ခေတ္တခဏ | နာရီပိုင်းလောက် ရွာခြင်းဖြစ်ပါသည်။ မိုးကြိုးမုန်တိုင်း ဖြစ်ပေါ်သည့် အခါ ရွာခြင်းဖြစ်ပါသည်။ |
(၇) တစ်ခါတစ်ရံ | (၂၄) နာရီအတွင်း (၁)ကြိမ်၊ (၂)ကြိမ်လောက် ရွာခြင်းဖြစ်ပါသည်။ မုတ်သုံလေအား အသင့်အတင့်နှင့် အားပျော့သည့်အခါများ ဖြစ်ပါ သည်။ |
(၈) အနည်းငယ် | (၂၄)နာရီအတွင်းရွာသည့်မိုးရေချိန်မှာ မြန်မာပြည်အလယ်ပိုင်း အတွက် လက်မဝက်ထက်နည်းပြီး၊ ကျန်ဒေသများအတွက် (၁)လက်မထက် နည်းခြင်း ဖြစ်ပါသည်။ |
(၉) အသင့်အတင့်် | (၂၄)နာရီအတွင်းရွာသည့်မိုးရေချိန်မှာ မြန်မာပြည်အလယ်ပိုင်း အတွက် လက်မဝက်နှင့် (၁)လက်မခွဲကြား ဖြစ်ပြီး၊ ကျန်ဒေသများအတွက် (၁)လက်မ နှင့် (၃)လက်မကြား ဖြစ်ပါသည်။ |
(၁၀) သည်းထန်မည် | တစ်နာရီတွင်း (၁)လက်မနှင့် အထက်ရွာခြင်းဖြစ်ပါသည်။ |
(၁၁) မိုးကြီးမည် | (၂၄)နာရီအတွင်း မြန်မာပြည်အလယ်ပိုင်းအတွက် (၁)လက်မခွဲနှင့် အထက်နှင့် ကျန်ဒေသများအတွက် (၃)လက်မနှင့် အထက်ရွာခြင်း ဖြစ်ပါသည်။ |
(၁၂) နေရာကွက်၍ မိုးကြီးခြင်း | (၂၄)နာရီအတွင်း (၃၀)ရာခိုင်နှုန်းသောနေရာတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကို ဆိုလိုပါသည်။ မိုးရေချိန်ပမာဏမှာ မြန်မာပြည် အလယ်ပိုင်းအတွက် (၁.၅)လက်မနှင့် အထက်ရှိပြီး၊ ကျန်ဒေသများတွင် (၃)လက်မနှင့် အထက်ရရှိခြင်းဖြစ်ပါသည်။ |
(၁၃) ဒေသအလိုက် မိုးကြီးခြင်း | (၂၄)နာရီအတွင်း (၅၀)ရာခိုင်နှုန်းသောနေရာတွင် မိုး သည်းထန်စွာ ရွာသွန်းခြင်းကိုဆိုလိုပါသည်။ မိုးရေချိန် ပမာဏ မှာ မြန်မာပြည် အလယ်ပိုင်းအတွက် (၁.၅)လက်မနှင့် အထက် ရှိပြီး၊ ကျန်ဒေသများတွင် (၃)လက်မနှင့် အထက် ရရှိခြင်း ဖြစ်ပါ သည်။ |
ဘင်္ဂလားပင်လယ်အော်အားပိုင်းခြားဖော်ပြခြင်း
(၁) | ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း- လတ္တီကျုအားဖြင့် (၁၈.၅) ဒီဂရီနှင့် အထက် |
(၂) | ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း- လတ္တီကျုအားဖြင့် မြောက်လတ္တီကျု (၁၃) ဒီဂရီ နှင့် (၁၈.၅)ဒီဂရီအတွင်း၊ လောင်ဂျီကျုအားဖြင့် အရှေ့လောင်ဂျီကျု (၈၈.၅)ဒီဂရီ ၎င်း၏ အနောက်ဖက်အပိုင်း |
(၃) | ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း- လတ္တီကျုအားဖြင့် မြောက်လတ္တီကျု (၁၃) ဒီဂရီနှင့် (၁၈.၅)ဒီဂရီအတွင်း၊ လောင်ဂျီကျုအားဖြင့် အရှေ့လောင်ဂျီကျု(၈၈.၅)ဒီဂရီနှင့် ၎င်း၏အရှေ့ဖက်အပိုင်း |
(၄) | ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း- လတ္တီကျုအားဖြင့် (၁၃)ဒီဂရီနှင့် ၎င်း၏ တောင်ဖက် အပိုင်း၊ လောင်ဂျီကျုအားဖြင့် အရှေ့လောင်ဂျီကျု (၈၆) ဒီဂရီနှင့် ၎င်း၏ အနောက်ဖက်အပိုင်း |
(၅) | ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း- လတ္တီကျုအားဖြင့် (၁၃)ဒီဂရီနှင့် ၎င်း၏ တောင်ဖက်အပိုင်း၊ လောင်ဂျီကျုအားဖြင့် အရှေ့လောင်ဂျီကျု (၈၆) ဒီဂရီနှင့် (၉၃)ဒီဂရီ အကြား |
(၆) | ကပ္ပလီပင်လယ်ပြင်- မြစ်ဝကျွန်းပေါ်-မုတ္တမကွေ့နှင့် ၎င်း၏ တောင် ဖက် လတ္တီကျုအနိမ့်ပိုင်း၊ လောင်ဂျီကျုအားဖြင့် အရှေ့လောင်ဂျီကျု (၉၃)ဒီဂရီနှင့် တနင်္သာရီကမ်းရိုးတန်း အကြားရှိအပိုင်း |
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်သောမုန်တိုင်းများအားလေတိုက်နှုန်းအရ အဆင့်သတ်မှတ်ခြင်း
(၁) | လေဖိအားနည်းရပ်ဝန်း- တစ်နာရီလျှင် လေတိုက်နှုန်း(၃၂)မိုင်နှုန်းနှင့် ၎င်း၏အောက် လျော့နည်း တိုက်ခတ်ခြင်း |
(၂) | အပူပိုင်းမုန်တိုင်းငယ်- တစ်နာရီလျှင် လေတိုက်နှုန်း(၃၃)မိုင်နှုန်းနှင့် (၃၈)မိုင်နှုန်းကြား တိုက်ခတ်ခြင်း |
(၃) | အပူပိုင်းမုန်တိုင်း- တစ်နာရီလျှင် လေတိုက်နှုန်း(၃၉)မိုင်နှုန်းနှင့် (၅၅)မိုင်နှုန်းကြား တိုက်ခတ်ခြင်း |
(၄) | ဆိုင်ကလုန်းမုန်တိုင်း- တစ်နာရီလျှင် လေတိုက်နှုန်း(၅၆)မိုင်နှုန်းနှင့် (၇၂)မိုင်နှုန်းကြား တိုက်ခတ်ခြင်း |
(၅) | အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းကြီး- တစ်နာရီလျှင် လေတိုက်နှုန်း(၇၃)မိုင်နှုန်း နှင့် အထက် တိုက်ခတ်ခြင်း |
(၆) | အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းကြီး- တစ်နာရီလျှင် လေတိုက်နှုန်း မိုင်(၁၀၀) နှုန်းနှင့်အထက် တိုက်ခတ်ခြင်း |
(၇) | ဟာရီကိန်းတမျှပြင်းထန်သောအားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းကြီး- တစ်နာရီ လျှင် လေတိုက်နှုန်း(၁၂၀)မိုင်နှုန်းနှင့် အထက် တိုက်ခတ်ခြင်း |
ရွာသွန်းမြဲ/ဖြစ်မြဲ
(၁)ရွာသွန်းမြဲ/ဖြစ်မြဲ - | အနည်းဆုံးနှစ်(၃၀)ရှိသောမိုးရေချိန်/အပူချိန်များ၏ ပျမ်းမျှတန်ဖိုး |
(၂)ရွာသွန်းမြဲ/ဖြစ်မြဲ အထက်- | ရွာသွန်းမြဲ/ဖြစ်မြဲ၏အထက် ၂၀% နှင့် အထက်ကျော်လွန်သော |
(၃) ရွာသွန်းမြဲ/ဖြစ်မြဲ အောက်- | ရွာသွန်းမြဲ/ဖြစ်မြဲ၏အောက် ၂၀% နှင့် အောက်လျော့သော |
အပူချိန်သတ်မှတ်ချက်များ
(၁) အနည်းငယ်ပို- | ထိုလ၏ပျမ်းမျှ အပူချိန်ထက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ် ထက် ပိုခြင်း |
(၂) သိသိသာသာပို- | ထိုလ၏ပျမ်းမျှ အပူချိန်ထက် (၅)ဒီဂရီစင်တီဂရိတ်မှ (၆)ဒီဂရီစင် တီဂရိတ် ထက် ပိုခြင်း |
(၃) အပူလှိုင်း- | ထိုလ၏ပျမ်းမျှ အပူချိန်ထက် (၇)ဒီဂရီစင်တီဂရိတ်မှ (၈)ဒီဂရီစင်တီဂရိတ် ထက်ပိုခြင်း |
(၄) အားကောင်းသောအပူလှိုင်း- | ထိုလ၏ပျမ်းမျှ အပူချိန်ထက် (၉)ဒီဂရီစင်တီဂရိတ်နှင့် အထက်ပိုခြင်း |
(၅) အနည်းငယ်လျော့- | ထိုလ၏ပျမ်းမျှ အပူချိန်အောက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီ စင်တီ ဂရိတ် အောက် လျော့ခြင်း |
(၆) သိသိသာသာလျော့- | ထိုလ၏ပျမ်းမျှ အပူချိန်အောက် (၅)ဒီဂရီစင်တီဂရိတ်မှ (၆)ဒီဂရီ စင်တီ ဂရိတ် အောက် လျော့ခြင်း |
(၇) အအေးလှိုင်း- | ထိုလ၏ပျမ်းမျှ အပူချိန်အောက် (၇)ဒီဂရီစင်တီဂရိတ်မှ (၈)ဒီဂရီစင်တီဂရိတ် အောက် လျော့ခြင်း |
(၈) အားကောင်းသောအအေးလှိုင်း- | ထိုလ၏ပျမ်းမျှ အပူချိန်အောက် (၉)ဒီဂရီစင်တီဂရိတ်နှင့် အောက်လျော့ခြင်း |
ပင်လယ်ပြင်အခြေအနေဖော်ပြချက်
(၁) လှိုင်းအနည်းငယ်- | ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်ဖြစ်ပေါ်နေပြီး၊ လှိုင်းအမြင့်မှာ (ဝ.၅)မီတာ နှင့် (၁.၂၅)မီတာအတွင်းရှိပါသည်။ |
(၂) လှိုင်းအသင့်အတင့်- | ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့် ဖြစ်ပေါ်နေပြီး၊ လှိုင်းအမြင့်မှာ (၁.၂၅)မီတာနှင့် (၂.၅)မီတာအတွင်းရှိပါသည်။ |
(၃) လှိုင်းကြီး- | ပင်လယ်ပြင်တွင် လှိုင်းကြီးနေပြီး၊ လှိုင်းအမြင့်မှာ (၂.၅)မီတာမှ (၄)မီတာအတွင်းရှိပါသည်။ |
(၄) လှိုင်းအလွန်ကြီး- | ပင်လယ်ပြင်တွင် လှိုင်းအလွန်ကြီးနေပြီး၊ လှိုင်းအမြင့်မှာ (၄.ဝ)မီတာမှ (၆)မီတာအတွင်းရှိပါသည်။ |
မုတ်သုံအင်အားအခြေအနေ
အနောက်တောင်မုတ်သုံကာလအတွင်း ရခိုင်ကမ်းရိုးတန်း၏ မုတ်သုံအင်အားကိုတွက်ချက်ရာတွင် စစ်တွေမြို့နှင့် မော်လမြိုင်မြို့တို့၏ လေထုဖိအားခြားနားချက်(မီလီဘား) တန်ဖိုးကို တွက်ချက်၍ အောက်ပါအတိုင်းမုတ်သုံအင်အားအခြေအနေကို ပိုင်းခြားသတ်မှတ်ပါသည် -
∆P ≤ ၁.၅ မီလီဘား | (အားပျော့) |
၁.၅ < ∆P ≤ ၃.၀ မီလီဘား | (အားအနည်းငယ်) |
၃.၀ < ∆P ≤ ၄.၀ မီလီဘား | (အားအသင့်အတင့်) |
၄.၀ <∆P ≤ ၅.၅ မီလီဘား | (အားကောင်း) |
∆P > ၅.၅ မီလီဘား | (အားအလွန်ကောင်း) |
တနင်္သာရီကမ်းရိုးတန်း၏ မုတ်သုံအင်အားကို တွက်ချက်ရာတွင် မော်လမြိုင်မြို့နှင့် ကော့သောင်မြို့တို့၏ လေထုဖိအားခြားနားချက်(မီလီဘား)တန်ဖိုးကို တွက်ချက်၍ အောက်ပါ အတိုင်း မုတ်သုံအင်အားအခြေအနေကို ပိုင်းခြားသတ်မှတ်ပါသည် -
∆P ≤ ဝ.၅ မီလီဘား | (အားပျော့) |
ဝ.၅ < ∆P ≤ ၁.၅ မီလီဘား | (အားအနည်းငယ်) |
၁.၅ < ∆P ≤ ၂.၀ မီလီဘား | (အားအသင့်အတင့်) |
၂.၀ <∆P ≤ ၂.၅ မီလီဘား | (အားကောင်း) |
∆P > ၂.၅ မီလီဘား | (အားအလွန်ကောင်း) |
ကမ်းရိုးတန်းတစ်ခုလုံး၏ မုတ်သုံအင်အားကို တွက်ချက်ရာတွင် စစ်တွေမြို့နှင့် ကော့သောင် မြို့တို့၏လေထုဖိအားခြားနားချက် (မီလီဘား)တန်ဖိုးကို တွက်ချက်၍ အောက်ပါ အတိုင်း မုတ်သုံအင်အားအခြေအနေကို ပိုင်းခြားသတ်မှတ်ပါသည် -
∆P ≤ ၂.၀ မီလီဘား | (အားပျော့) |
၂.၀ < ∆P ≤ ၄.၀ မီလီဘား | (အားအနည်းငယ်) |
၄.၀ < ∆P ≤ ၆.၀ မီလီဘား | (အားအသင့်အတင့်) |
၆.၀ <∆P ≤ ၈.၀ မီလီဘား | (အားကောင်း) |
∆P > ၈.၀ မီလီဘား | (အားအလွန်ကောင်း) |
- စိုးရိမ်ရေမှတ်
စိုးရိမ်ရေမှတ်ဟူသည်မှာ ရေမှတ်တိုင်ပေါ်တွင် ရွေးချယ်သတ်မှတ်ထားသော တန်ဖိုး ဖြစ်ပြီး မြစ်ရေသည်ယင်းအမှတ်ကိုကျော်လွန်ပါက မြစ်ကမ်းပါးမှ လံျှကျလာသော ရေအားဖြင့် ထိုအရပ်ဒေသတွင် ရေလွှမ်းမှုဖြစ်ပေါ်နိုင်ကြောင်း ညွှန်ပြသည့်မြစ်ရေမှတ် တန်ဖိုးဖြစ်ပါသည်။ - ရေနည်းသတိပေးမှတ်
ရေနည်းသတိပေးမှတ်ဟူသည်မှာ ရေမှတ်တိုင်ပေါ်တွင် ရွေးချယ်သတ်မှတ်ထား သော တန်ဖိုးဖြစ်ပြီး မြစ်ရေသည်ယင်းအမှတ်အောက်သို့ ဆက်လက်ကျဆင်းပါက ရေကြောင်း သွားလာခြင်းနှင့် မြစ်ရေတင်ခြင်းစသည်တို့တွင် အခက်အခဲ ဖြစ်နိုင်ကြောင်း ညွှှန်ပြသည့် မြစ်ရေမှတ် တန်ဖိုးဖြစ်ပါသည်။ - ထူးခြားမြစ်ရေအခြေအနေသတင်း
အထူးသဖြင့် မိုးဦးကာလတွင် ဧရာဝတီနှင့် ချင်းတွင်းမြစ်ဖျားးဒေသ၌ မြစ်ရေသည် (၂၄)နာရီအတွင်း (၂၀၀)စင်တီမီတာ (၇ ပေခန့်)နှင့်အထက် ရုတ်တရက်ထိုးတက်လာပါက မြစ် အလယ်ပိုင်းနှင့် အောက်ပိုင်းတွင်လည်း မြစ်ရေများမြင့်တက်လာမည်ဖြစ်၍ မြစ်ကမ်းပါ:တွင် ယာယီအခြေချနေသူများအား သတိပေးနိုင်ရန်ရည်ရွယ်လျှက် (၃)ရက်မှ (၇)ရက်အတွင်း မြင့်တက်လာနိုင်သည့် မြစ်ရေခန့်မှန်းချက်နှင့်အတူ ထုတ်ပြန်ပေးသော သတင်းဖြစ်ပါသည်။ - မြစ်ရေကြီးမည့်သတိပေးချက်
အရပ်ဒေသတစ်ခုတွင် ရေကြီးမှု (စိုးရိမ်ရေမှတ်ကျော်လွန်မှု) ဖြစ်ပေါ်နိုင်ကြောင်း (၁)ရက် မှ (၃)ရက်ခန့်ကြိုတင်၍ ထုတ်ပြန်ပေးသည့်သတိပေးချက်ဖြစ်ပါသည်။ - မြစ်ရေကြီးမှု အခြေအနေသတင်း
အရပ်ဒေသတစ်ခု၌ ရေကြီးမှု (စိုးရိမ်ရေမှတ်ကျော်လွန်မှု) ဖြစ်ပေါ်ချိန်တွင် မြစ်ရေသည် စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း သို့မဟုတ် စိုးရိမ်ရေမှတ် အောက်သို့ ကျဆင်းနိုင်ကြောင်း (၁)ရက်မှ (၃)ရက်ခန့်ကြိုတင်၍ ထုတ်ပြန်ပေးသော သတင်းဖြစ်ပါသည်။ - လျှပ်တစ်ပြတ်ရေကြီးခြင်း
(၁)ရက် (သို့) နာရီပိုင်းအတွင်း မိုးအဆမတန် သည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ငယ်၊ ချောင်းငယ်များတွင် တစ်ရှိန်ထိုးရေတက်လာပြီး လျင်မြန်စွာ ရေပြန်ကျသော ရေကြီးခြင်းမိုျးကို လျှပ်တစ်ပြတ်ရေကြီးခြင်း ဟုခေါ်ပါသည်။ - ကျယ်ပြန့်ရေကြီးခြင်း
မြစ်ဖျားဒေသတွင် သုံးရက်နှင့်အထက် အဆက်မပြတ် မိုးကြီးမှုကြောင့် မြစ်ဖျားမှ မြစ် အောက်ပိုင်းအထိ ရေကြီးမှုဖြစ်ပေါ်သော မြစ်ရေကြီးမှုကို ကျယ်ပြန့်ရေကြီးခြင်း ဟုခေါ်ပါသည်။ - မုန်တိုင်းဒီရေတက်ခြင်း
ပင်လယ်ပြင်တွင် မုန်တိုင်းများဖြစ်ပေါ်ပြီး ကမ်းကိုဖြတ်ကျော်သည့်အခါ တိုက်ခတ်သော လေပြင်းများကြောင့်မြစ်ဝနှင့်ကမ်းခြေများတစ်လျှောက်တွင် လှိုင်းနှင့်အတူ ရေတက်လာသော ဖြစ်ရပ် ကို မုန်တိုင်းဒီရေတက်ခြင်းဟုခေါ်ပါသည်။ - နယ်စပ်ကျော်ဖြတ်ရေကြီးခြင်း
နယ်စပ်ကျော်ဖြတ်ရေကြီးခြင်းဆိုသည်မှာ အိမ်နီးချင်းနိုင်ငံများအား ဖြတ်ကျော် စီးဆင်း လာသော မြစ်များတွင် ရေကြီးမှုကြောင့် မိမိနိုင်ငံအတွင်းရှိ ဆပ်စပ်နေသော မြစ်များတွင်ပါ ရေကြီးမှုဖြစ်ပေါ်ခြင်းကို ခေါ်ပါသည်။