DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၄-၉-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းလွန်)တွင် ဖြစ်ပေါ်ခဲ့သော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area) သည် အနောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းကုန်းတွင်းပိုင်းသို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက်၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်း၊ ယင်းနှင့်ဆက်စပ်လျက်ရှိသော ဂျက်ခမ်း ပြည်နယ်နှင့် ချက်တစ်ဂတ်ပြည်နယ်မြောက်ပိုင်းတို့ကို ဖြတ်ကျော်နိုင်ပြီး၊ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။

 

အာရှဒေသမြို့ကြီးများအလိုက် လက်ရှိမိုးလေဝသအခြေအနေနှင့် မနက်ဖြန်အတွက်မိုးလေဝသခန့်မှန်းချက်များ(၄-၉-၂၀၂၅)

အာရှဒေသမြို့ကြီးများအလိုက် လက်ရှိမိုးလေဝသအခြေအနေနှင့် မနက်ဖြန်အတွက် မိုးလေဝသခန့်မှန်းချက်များ(၄-၉-၂၀၂၅) ရက်နေ့ ထုတ်ပြန်ချက်

မြို့

လက်ရှိ

မိုးလေဝသ

အခြေအနေ

အပူချိန်

မနက်ဖြန်အတွက်

မိုးလေဝသ

ခန့်မှန်းချက်

အပူချိန်

အနိမ့်ဆုံး

အမြင့်ဆုံး

အနိမ့်ဆုံး

အမြင့်ဆုံး

နေပြည်တော်

မိုးရွာ ၂၅ ၃၀ မိုးရွာမည်။ ၂၅ ၃၀

ရန်ကုန်

မိုးရွာ ၂၄ ၃၁ မိုးရွာမည်။ ၂၄ ၃၁

တိုကျို

မိုးရွာ ၂၅ ၂၈ ထစ်ချုန်းမည်။ ၂၄ ၂၇

ပေကျင်း

တိမ်ထူထပ် ၂၁ ၃၂ မိုးရွာမည်။ ၁၆ ၂၄

ဟောင်ကောင်

မိုးရွာ ၂၇ ၃၃ မိုးရွာမည်။ ၂၇ ၃၄

မနီလာ

ထစ်ချုန်း ၂၆ ၃၁ ထစ်ချုန်းမည်။ ၂၅ ၂၉

ဟနွိုင်း

တိမ်အသင့်အတင့် ၂၆ ၃၅ မိုးရွာမည်။ ၂၆ ၃၄

ကွာလာလမ်ပူ

ထစ်ချုန်း ၂၃ ၃၂ ထစ်ချုန်းမည်။ ၂၄ ၂၉

ဂျာကာတာ

မြူကျ ၂၄ ၃၆ ထစ်ချုန်းမည်။ ၂၃ ၃၃

စင်ကာပူ

ထစ်ချုန်း ၂၇ ၃၁ ထစ်ချုန်းမည်။ ၂၆ ၃၁

ဘန်ကောက်

မိုးရွာ ၂၆ ၃၃ မိုးရွာမည်။ ၂၅ ၃၄

ဗီယန်ကျင်း

မိုးရွာ ၂၅ ၃၃ ထစ်ချုန်းမည်။ ၂၄ ၃၃

ဖနွမ်းပင်

မိုးရွာ ၂၆ ၃၃ မိုးရွာမည်။ ၂၆ ၃၃
ဒါကာ မိုးရွာ ၂၆ ၃၃ မိုးရွာမည်။ ၂၇ ၃၃
ကိုးကာတား မိုးရွာ ၂၇ ၃၁ မိုးရွာမည်။ ၂၆ ၃၂
ကိုလံဘို မိုးရွာ ၂၇ ၃၂ မိုးရွာမည်။ ၂၇ ၃၁
နယူးဒေလီ မိုးရွာ ၂၆ ၃၂ မိုးရွာမည်။ ၂၆ ၃၁