DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၆-၁၁-၂၀၂၅:  ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မလက္ကာရေလက်ကြားအနီးတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် အနောက် ဘက်သို့ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့(Kawthaung)၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၃၀၀ မိုင်ခန့်၊ မလေးရှားနိုင်ငံ၊ ပီနန်မြို့(Penang)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၁၃၅ မိုင်ခန့်၊ အင်ဒိုနီးရှားနိုင်ငံ၊ ကူတာမတ်ကွာမြို့ (Kuta Makmur) ၏ အရှေ့ဘက် ရေမိုင် ၆၀ မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ကားနီကိုးဘားမြို့(Car Nicobar)၏ အရှေတောင်ဘက်‌ ရေမိုင် ၄၀၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် အနောက်-အနောက်မြောက် ဘက်သို့ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်မုန်းတိုင်းအဖြစ်ရောက်ရှိနိုင်ပြီး အင်ဒိုနီးရှားနိုင်ငံမြောက်ပိုင်းဒေသများကို ဖြတ်ကျော်နိုင်သည်ဟုခန့်မှန်းရပါသည်။ ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော သီရိလင်္ကာနိုင်ငံတောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၁၂ နာရီအတွင်း အားကောင်းသောလေဖိအားနည်းရပ်ဝန်းအဖြစ်သို့လည်းကောင်း၊ နောက် ၃၆ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း ပိုမိုအားကောင်းလာနိုင်သည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်း တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ် နေပါသည်။

အာရှဒေသမြို့ကြီးများအလိုက် လက်ရှိမိုးလေဝသအခြေအနေနှင့် မနက်ဖြန်အတွက်မိုးလေဝသခန့်မှန်းချက်များ(၂၄-၁၁-၂၀၂၅)

အာရှဒေသမြို့ကြီးများအလိုက် လက်ရှိမိုးလေဝသအခြေအနေနှင့် မနက်ဖြန်အတွက် မိုးလေဝသခန့်မှန်းချက်များ(၂၄-၁၁-၂၀၂၅) ရက်နေ့ ထုတ်ပြန်ချက်

မြို့

လက်ရှိ

မိုးလေဝသ

အခြေအနေ

အပူချိန်

မနက်ဖြန်အတွက်

မိုးလေဝသ

ခန့်မှန်းချက်

အပူချိန်

အနိမ့်ဆုံး

အမြင့်ဆုံး

အနိမ့်ဆုံး

အမြင့်ဆုံး

နေပြည်တော်

တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။ ၂၀ ၃၀ တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။။ ၂၀ ၃၁

ရန်ကုန်

တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။ ၂၄ ၃၄ တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။။ ၂၄ ၃၄

တိုကျို

တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။ ၁၂ ၂၀ တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။ ၁၉

ပေကျင်း

မြူထူထပ် -၁ ၁၆ မြူထူထပ် ၁၈

ဟောင်ကောင်

အများအာဖြင့်သာယာမည်။ ၂၀ ၂၇ တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။ ၂၁ ၂၈

မနီလာ

မိုးရွာ ၂၆ ၃၂ မိုးရွာမည်။ ၂၆ ၃၃

ဟနွိုင်း

အများအာဖြင့်သာယာမည်။ ၁၆ ၂၈ အများအာဖြင့်သာယာမည်။ ၁၉ ၂၈

ကွာလာလမ်ပူ

မိုးရွာ ၂၄ ၃၃ ထစ်ချုန်းမည်။ ၂၄ ၃၂

ဂျာကာတာ

ထစ်ချုန်းမည်။ ၂၄ ၃၁ ထစ်ချုန်းမည်။ ၂၅ ၃၃

စင်ကာပူ

မိုးရွာ  ၂၅ ၃၃ မိုးရွာမည်။ ၂၅ ၃၁

ဘန်ကောက်

တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ ၂၃ ၃၃ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ ၂၄ ၃၂

ဗီယန်ကျင်း

တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ ၁၉ ၃၀ အများအာဖြင့်သာယာမည်။ ၁၉ ၃၁

ဖနွမ်းပင်

တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ ၂၄ ၃၃ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ ၂၅ ၃၁
ဒါကာ မြူထူထပ် ၂၀ ၂၉ မြူထူထပ် ၂၀ ၂၉
ကိုးကာတား မြူထူထပ် ၁၈ ၂၈ မြူထူထပ် ၁၈ ၂၈
ကိုလံဘို မိုးရွာ ၂၄ ၃၂ မိုးရွာမည်။ ၂၄ ၃၁
နယူးဒေလီ မြူထူထပ် ၁၄ ၂၅ မြူထူထပ် ၁၃ ၂၅