DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၅-၁၂-၂၀၂၅: ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် အများ အားဖြင့် သာယာနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့် အတင့် ဖြစ်ထွန်းနေပါသည်။

မြေငလျင်သတင်း

 

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၀၂:၃၀ နာရီ အချိန်ထုတ်ပြန်ချက်)

 

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၂) နာရီ၊ (၁၃)မိနစ်၊ (၁၂)စက္ကန့် အချိန်တွင် နမ့်စန်ငလျင်စခန်းမှ အရှေ့မြောက်ဘက် (၃၅) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (လင်းခေး မြို့၏ မြောက်-အနောက်မြောက်ဘက် (၅) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၀.၄၂) ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၇.၉၈) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။