DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၈-၁၁-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော သီရိလင်္ကာနိုင်ငံကမ်းရိုးတန်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော သီရိလင်္ကာနိုင်ငံသို့ရောက်ရှိခဲ့ပြီး ဆက်လက်တည်ရှိနေပါသည်။ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် နောက် ၂၄ နာရီ အတွင်း အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

Severe Tropical Storm “RAGASA” News, No.7 , 2025

အားကောင်းသောအပူပိုင်းမုန်တိုင်း “ရာဂါဆာ” အခြေအနေသတင်း အမှတ်စဉ်(၀၇/၂၀၂၅)

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့  မြန်မာစံတော်ချိန် ၀၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်

“ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ တရုတ်နိုင်ငံတောင်ပိုင်း၊ ဂွမ်ဒေါင်း ပြည်နယ် ကမ်းရိုးတန်းဒေသများကို ဖြတ်ကျော်ခဲ့သော တိုင်ဖွန်းမုန်တိုင်း “ရာဂါဆာ” (RAGASA)သည် အနောက်ဘက်သို့ရွေ့လျားခဲ့ပြီး အားကောင်းသောအပူပိုင်းမုန်တိုင်း “ရာဂါဆာ” အဖြစ် အားလျော့သွား ခဲ့ကာ ကွမ်ရှီးပြည်နယ် နယ်စပ်ဒေသများသို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားကောင်းသော အပူပိုင်းမုန်တိုင်း “ရာဂါဆာ” သည် နောက် ၆ နာရီအတွင်း အပူပိုင်းမုန်တိုင်း“ရာဂါဆာ” အဖြစ်ဖြင့် ကွမ်ရှီးပြည်နယ်တောင်ပိုင်းဒေသများကို ဆက်လက်ဖြတ်ကျော်နိုင်ကာ ထိုမှတစ်ဆင့် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း အပူပိုင်းမုန်တိုင်းငယ်အဖြစ်ဖြင့် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းဒေသများကို ဆက်လက်ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။”