DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၄-၉-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းလွန်)တွင် ဖြစ်ပေါ်ခဲ့သော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area) သည် အနောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းကုန်းတွင်းပိုင်းသို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက်၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်း၊ ယင်းနှင့်ဆက်စပ်လျက်ရှိသော ဂျက်ခမ်း ပြည်နယ်နှင့် ချက်တစ်ဂတ်ပြည်နယ်မြောက်ပိုင်းတို့ကို ဖြတ်ကျော်နိုင်ပြီး၊ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။

 

Heavy Rainfall Warning (24.7.2015)

မိုးကြီးမည့်သတိပေးချက်

ဇူလိုင်လ(၂၄)ရက်နေ၊့ မြန်မာစံတော်ချိန် (၁၄း၃၀)နာရီအချိန် ထုတ်ပြန်ချက်)

   ယနေ့မြန်မာစံတော်ချိန်(၁၄း၀၀)နာရီအချိန်မိုးလေဝသတိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်

တွင်မုတ်သုံလေအားကောင်းနေခြင်းကြောင့်ယနေ့မွန်းလွဲမှနောက်(၃)ရက်အတွင်းအောက်ဖော်ပြပါ

တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင်နေရာစိပ်စိပ်မှနေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ဒေသအလိုက်

နှင့်နေရာကွက်၍မိုးကြီးနိုင်ပါသည်။

   စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ပဲခူးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊

ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်(၂၄)နာရီအတွင်းမိုးရေချိန်(၃)လက်မ(၇၇-မီလီမီတာ)နှင့်အထက်

ရွာသွန်းနိုင်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးတို့တွင်(၂၄)နာရီ

အတွင်းမိုးရေချိန်(၁)လက်မခွဲ (၃၈-မီလီမီတာ)နှင့်အထက်ရွာသွန်းနိုင်ပါသည်။

     သို့ဖြစ်ပါ၍ကုန်းမြင့်ဒေသအနီးတွင်နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊

မြစ်ငယ်ချောင်းငယ်များအနီးတွင်နေထိုင်ကြသူများအနေဖြင့်မြစ်ရေရုတ်တရက်မြင့်တက်လာနိုင်ပြီးရေကြီး

ရေလျှံမှု ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြု နိုင်ပါရန် အကြံပြုအပ်ပါသည်။