DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၄-၁၁-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီ ပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မလက္ကာရေလက်ကြားအနီးတွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) သည် ဆက်လက်တည်ရှိနေပါ သည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျား နိုင်ပြီး ပိုမိုအားကောင်းလာကာ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၌ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိ နိုင်သည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါ သည်။

Myanmar Daily Weather Report

နေ့စဉ်မိုးလေဝသသတင်း
=================
(၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၉)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။လွန်ခဲ့သော(၂၄)နာရီအတွင်းက

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊တနင်္သာရီတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်တို့တွင်တိမ်အသင့်အတင့်

ဖြစ်ထွန်းခဲ့ပြီး၊ကျန်တိုင်းဒေသကြီးနှင့်jပည်နယ်တို့တွင်အများအားဖြင့်သာယာခဲ့ပါသည်။ညအပူချိန်များမှာ

ရန်ကုန်တိုင်းဒေသကြီးတွင်ဖေဖော်ဝါရီလ၏ပျမ်းမျှအပူချိန်အောက်(၂)ဒီဂရီစင်တီဂရိတ်လျော့နည်းခဲ့ပြီး၊

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊တနင်္သာရီတိုင်းဒေသကြီး၊ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်

ဖေဖော်ဝါရီလ၏ပျမ်းမျှအပူချိန်တို့ထက်(၂)ဒီဂရီစင်တီဂရိတ်ပိုခဲ့ကာ၊ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်

ဖေဖော်ဝါရီလ၏ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ပါသည်။ထူးခြားသည့်ညအပူချိန်များမှာသီပေါမြို့၊ဟဲဟိုးမြို့နှင့်

မိုင်းယန်း မြို့တို့တွင်(၄)ဒီဂရီစင်တီဂရိတ်စီ၊နမ့်စန်မြို့နှင့်ဟားခါးမြို့တို့တွင်(၅)ဒီဂရီစင်တီဂရိတ်စီ၊

ပင်လောင်းမြို့နှင့်လွိုင်လင်မြို့တို့တွင်(၆)ဒီဂရီစင်တီဂရိတ်စီနှင့်မိုးကုတ်မြို့တွင်(၇)ဒီဂရီစင်တီဂရိတ်တို့

ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင်

အများအားဖြင့်သာယာနေပြီး၊ကျန်ဘင်္ဂလားပင်လယ်အော်တွင်တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ကချင်ပြည်နယ်တွင်နေရာကျဲကျဲနှင့်စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့်

ချင်းပြည်နယ်တို့တွင်နေရာကွက်ကျားမိုးရွာမည်။ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊

တနင်္သာရီတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး၊ရှမ်းပြည်နယ်၊ကရင်ပြည်

နယ်နှင့် မွန်ပြည်နယ်တို့တွင်အများအားဖြင့်သာယာကာ၊ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်သာယာမည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်သာရှိမည်။လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်

ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁)ပေမှ (၃)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့်ကချင်ပြည်နယ်တို့တွင်

နေရာကွက်ကျား မိုးရွ နိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။သာယာမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။သာယာမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။သာယာမည်။