DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၅-၇-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်၊ ကိုးလ်ကတ္တားမြို့(Kolkata)၏ တောင်ဘက်မှ ကုန်းတွင်းပိုင်းဒေသများကို ဖြတ်ကျော်လျက်ရှိသော မုန်တိုင်းငယ် (Depression)သည် အနောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ကုန်းတွင်းပိုင်းဒေသများကို ဆက်လက် ဖြတ်ကျော်လျက်ရှိပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအလွန်ကောင်းနေပါသည်။

 

အချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက်

အချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက် အမှတ်စဉ် (၀၆/၂၀၁၉)
(၂၀၁၉ ခုနှစ်၊ ဧပြီလ (၅)ရက်နေ့ မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

"ယနေ့ မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အနောက်ဘက်မှလာသော

လေအေးများနှင့် ဘင်္ဂလားပင်လယ်အော်မှလာသော လေနွေးများစုဆုံမှုကြောင့် (၆.၄.၂၀၁၉)ရက်

‌နေ့မှ (၁၀.၄.၂၀၁၉)ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်း

ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး

တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာ ကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်း

ရွာနိုင်ပါသည်။"

အကြံပြုချက်

ပြည်သူများအနေဖြင့် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်

အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ

ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။