Thursday, May 30, 2019 - 23:45

မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၂၄ : ၀၀ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၁၉ ခုနှစ်၊ မေလ (၃၀)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃)နာရီ၊ (၂၈)မိနစ်၊ (၀၇)စက္ကန့် အချိန် တွင် ဟားခါးမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် (၄၆)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ကလေးမြို့၏ အနောက်မြောက်ဘက် (၁၃)မိုင် ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၃.၂၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၈၇)ဒီဂရီ၊ အနက် (၃၅) ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၁)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။