DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

 ၂၄-၅-၂၀၂၄ ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်း သောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်း၌ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက် ရှိခဲ့ပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ မြောက်-အနောက်မြောက်ဘက် ရေမိုင် ၃၀၀ မိုင်ခန့်၊ ဟိုင်းကြီးကျွန်း  မြို့(Hainggyigyun)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၆၀ မိုင် ခန့်၊ ဂွမြို့(Gwa)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၉၅ မိုင်ခန့်၊ သံတွဲမြို့(Thandwe)၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၄၀၀ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့(Khepupara)၏ တောင်-အနောက်တောင် ဘက် ရေမိုင် ၄၁၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ကန်နင်း မြို့(Canning)၏ တောင်ဘက် ရေမိုင် ၄၂၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်ထူထပ်နေပါသည်။

Earthquake News

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၀၃:၁၅ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၂)နာရီ(၄၈)မိနစ်(၃၁) စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၁၉၅)မိုင်ခန့် ကွာဝေးသော မြန်မာ နိုင်ငံပြည်တွင်း (ကွမ်းလုံမြို့၏ မြောက်-အနောက်မြောက်ဘက် (၁၄)မိုင်ခန့် အကွာ)၊ မြောက် လတ္တီတွဒ် (၂၃.၆၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၈.၅၈)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟို ပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိပါသည်။