DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၁၈-၂-၂၀၆ ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း သီရိလင်္ကာနိုင်ငံသို့ ဦးတည်ရွေ့လျားကာ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့တွင် ပိုမိုအားကောင်းလာနိုင်သည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကာ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ် နေပါသည်။

Earthquake News

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၀၀း၄၅ နာရီ အချိန်ထုတ်ပြန်ချက်)

 

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ () ရက်နေ့၊ မြန်မာစံတော်ချိန် (၀၀) နာရီ၊ (၂၃) မိနစ်၊ (၁၅)စက္ကန့် အချိန်တွင် နမ့်စန်မြေငလျင်စခန်းမှ အရှေ့တောင်ဘက် မိုင်(၄၀)ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (လင်းခေးမြို့၏ အရှေ့မြောက်ဘက်(၁၉)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၀.၅၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၈.၂၃)ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၄.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။