DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၅-၁၀-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၁၁:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island) ၏ အနောက်တောင်ဘက် ရေမိုင် ၃၃၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai) ၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၅၃၀ မိုင်ခန့်၊ ကာကီနာဒါမြို့ (Kakinada) ၏ အရှေ့တောင်ဘက်‌ ရေမိုင် ၅၄၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ၂၆-၁၀-၂၀၂၅ ရက်နေ့၌ အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ်သို့လည်းကောင်း၊ ၂၇-၁၀-၂၀၂၅ ရက်နေ့၌ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့တွင် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကာ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်ထူထပ်နေပါသည်။

 

၁၄.၁၂.၂၀၂၀ မိုးလွန်ကာလ မုတ်သုံဖိုရမ် (မွန်ပြည်နယ်)

မိုးလွန်ကာလ မုတ်သုံဖိုရမ် (မွန်ပြည်နယ်)

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (UNFAO) တို့ ပူးပေါင်းစီစဉ်ဆောင်ရွက်မှုဖြင့် မိုးလွန်ကာလ မုတ်သုံဖိုရမ် (မွန်ပြည်နယ်) ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ(၁၄) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် Video Conferencing (Zoom Application) ဖြင့်  ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းနားတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုချိုရှိန်က ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် Food and Agriculture Organization (FAO) မှ Emergency and Rehabilitation Coordinator, Mr. Reda LEBTAHI က အမှာစကား ပြောကြားခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဆောင်ရွက်နေသော ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ UN၊ NGO နှင့် INGO မှ ကိုယ်စားလှယ်များ၊ Food and Agriculture Organization (FAO) မှ ကိုယ်စား လှယ်များနှင့် အခြားဌာနဆိုင်ရာကိုယ်စားလှယ်များ စုစုပေါင်း (၅) ဦးခန့်  တက်ရောက်ခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် ၂၀၂၀ ပြည့်နှစ် အနောက်တောင်မုတ်သုံရာသီကာလအတွင်း ဖြစ်ပေါ်ခဲ့သည့် မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ အခြေအနေများအား ပြန်လည်သုံးသပ်ခြင်း၊ ၀၂၀-၂၀၂၁ ခုနှစ် ဆောင်းရာသီကာလအတွက် မိုးလေ၀သနှင့် ဇလဗေဒဆိုင်ရာ ခန့်မှန်းချက်များအား တင်ပြဆွေးနွေးခြင်း၊ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များမှ ပြီးခဲ့သည့် မုတ်သုံရာသီကာလအတွင်း ခန့်မှန်းချက်များကို အသုံးပြု၍ မိမိတို့ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများ၊ အခက်အခဲများနှင့် ကြိုတင်သတိပေးမှုစနစ် ပိုမိုတိုးတက်ကောင်းမွန်လာစေရန်အတွက် အကြံပြုချက်များ တင်ပြဆွေးနွေးခြင်းနှင့် ၀၂၀-၂၀၂ ခုနှစ်၊ ဆောင်းရာသီကာလအတွက် ခန့်မှန်းချက်များကိုအခြေခံကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်မှုအစီအစဉ်များအား အသေးစိတ် ဆွေးနွေးခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။