DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၆-၁၁-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်း(သီရိလင်္ကာနိုင်ငံကမ်းလွန်)တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက် ၂၄ နာရီအတွင်း အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

Earthquake News

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၁၅:၀၀ နာရီ အချိန်ထုတ်ပြန်ချက်)

 

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄)နာရီ၊ (၄၄)မိနစ်၊ (၁၅) စက္ကန့် အချိန်တွင် နေပြည်တော်မြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၂၁၈၁)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Mindanao, Philippines )၊ မြောက်လတ္တီတွဒ် (၅.၆၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၁၂၅.၁၉)ဒီဂရီ၊ အနက် (၇၉)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (.)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။