DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၄-၁၁-၂၀၂၅: ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး၊ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကာ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

Tropical Storm “MATMO” News, No. 7, 2025

အပူပိုင်းမုန်တိုင်း“မတ်မို”အခြေအနေသတင်း အမှတ်စဉ် (၀၇/၂၀၂၅)

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့ မြန်မာစံတော်ချိန် ၁၆:၀၀ နာရီအချိန် ထုတ်ပြန်ချက်

 “ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန်တိုင်းထွာချက်များအရ တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်ရှီး ပြည်နယ်ကုန်းတွင်းပိုင်းနှင့် ဗီယက်နမ်နိုင်ငံမြောက်ပိုင်းနယ်စပ်ဒေသတို့ကို ဖြတ်ကျော်ခဲ့သော အပူပိုင်း မုန်တိုင်း“မတ်မို”(MATMO)သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဗီယက်နမ်နိုင်ငံမြောက်ပိုင်းဒေသ များကို ဆက်လက်ဖြတ်ကျော်လျက်ရှိပါသည်။ အဆိုပါ အပူပိုင်းမုန်တိုင်း “မတ်မို”သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ဗီယက်နမ်နိုင်ငံနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် နယ်စပ် ဒေသတို့၌ ယနေ့ညပိုင်းတွင် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် အားလျော့သွားနိုင်ကာ တရုတ်နိုင်ငံ၊ ယူနန် ပြည်နယ်ကို ဆက်လက်ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။”