DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

 ၁၅-၅-၂၀၂၄ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီ ပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

ကုန်းတွင်းမုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၂/၂၀၂၂)

ကုန်းတွင်းမုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၂/၂၀၂၂)

(၂၀၂၂ ခုနှစ်၊ ဩဂုတ်  ၉  ရက်နေ့ မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်

(က)    ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)အခြေအနေ

(၁)     ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယ နိုင်ငံ၊ ဩရိဿပြည်နယ်ကမ်း‌ခြေတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression) သည် အနောက်ဘက်သို့ရွေ့လျားခဲ့ပြီး၊ ဩရိဿပြည်နယ်အတွင်းတွင် ကုန်းတွင်း မုန်တိုင်းငယ်(Land Depression)အဖြစ် ဆက်လက် တည်ရှိနေပါသည်။ အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)သည် အနောက်-အနောက် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ အိန္ဒိယနိုင်ငံ၊ ချက်တစ်ဂတ်ပြည်နယ် တွင် လေဖိအားနည်းရပ်ဝန်း(Low Pressure Area)အဖြစ်သို့ တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။

(၂)      ယခုသတင်းသည် မုန်တိုင်းငယ်(Depression)အတွက် ထုတ်ပြန်ပေးသည့် နောက်ဆုံးသတင်း ဖြစ်ပါသည်။