DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၇-၁-၂၀၂၆ ယနေ့မြန်မာစံတော်ချိန် ၁၈:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အရှေ့အိန္ဒိယသမုဒ္ဒရာတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)သည် အနောက်-နောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island)၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၆၄၅ မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီမြို့(Trincomalee)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၄၂၀ မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ပူဒူချယ်ရီမြို့ (Puducherry)၏ အရှေ့တောင်ဘက် ရေမိုင် ၆၀၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ကပ္ပလီ ပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကာ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ကုန်းတွင်းမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၁၁/၂၀၂၃)

ကုန်းတွင်းမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၁၁/၂၀၂၃)

(၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(၁၈)ရက်နေ့ မြန်မာစံတော်ချိန်(၀၆:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

 

 (­­­က)   ကုန်းတွင်းမုန်တိုင်းငယ်အခြေအနေ

(၁)    ယနေ့မြန်မာစံတော်ချိန် (၀၄:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ခီပူပါရာမြို့(Khepupara)အနီးမှ ဖြတ်ကျော် ဝင်ရောက်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)“မစ်ဟီလီ” (MIDHILI) သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်-ထရီပူရပြည်နယ်တို့တွင် ကုန်းတွင်းမုန်တိုင်းငယ်(Land Depression) အဖြစ်သို့ အားလျော့သွားခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ် သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။

 (၂)     ယခုသတင်းသည် ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)“မစ်ဟီလီ” (MIDHILI) အတွက် ထုတ်ပြန်ပေးသည့် နောက်ဆုံးသတင်း ဖြစ်ပါသည်။