DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

 ၅-၅-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အနောက် အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော် တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။ 

ဆိုင်ကလုန်းမုန်တိုင်းသတင်းအခြေအနေ

ဆိုင်ကလုန်းမုန်တိုင်းသတင်းအခြေအနေ
(၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက်နေ့
        မြန်မာစံတော်ချိန်(၁၁:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

ဆိုင်ကလုန်းမုန်တိုင်းသတင်း
အမှတ်စဉ်(၂၀)၊၂၀၁၈  

ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ

(က)    ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်

အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း "ဂါဂျာ"(Gaja)သည် အနောက်-

အနောက်တောင်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယ နိုင်ငံ၊ချင်းနိုင်မြို့(Chennai)၏ အရှေ့တောင်ဘက်

မိုင်(၁၉၀)ခန့်နှင့် နာဂါပတ္တနမ်မြို့(Nagapattinam)၏ အရှေ့-အရှေ့မြောက်ဘက် (၂၀၅)မိုင်ခန့်အကွာ

ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(ခ)    ဆိုင်ကလုန်းမုန်တိုင်း"ဂါဂျာ"(Gaja)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်

သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း "ဂါဂျာ"(Gaja)၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

    အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း"ဂါဂျာ"(Gaja)သည် မြန်မာစံတော်ချိန် (၁၀:၃၀)နာရီ အချိန်တွင် မြောက်

လတ္တီကျု (၁၁.၅)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၃.၂)ဒီဂရီတွင် ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၆)ဟက်တို

ပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်မှမိုင်(၅၀)နှုန်းအထိ ဖြစ်ပါသည်။

နောက်(၆)နာရီအတွင်းခန့်မှန်းချက်

    အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း"ဂါဂျာ"(Gaja)သည် နောက်(၆)နာရီအတွင်း ပိုမို အားကောင်းလာကာ

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း"ဂါဂျာ"(Gaja)အဖြစ် သို့ ရောက်ရှိနိုင်ပြီး၊အနောက်-အနောက်

တောင်ဘက်သို့ ရွေ့လျားမည်ဟု ခန့်မှန်း ရပါသည်။
        

သတိပေးနှိုးဆော်ချက်        

(က)     အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း"ဂါဂျာ"(Gaja)၏အရှိန်ကြောင့် ယနေ့နံနက်မှ နောက်(၂၄)နာရီအတွင်း

နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊

ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊

ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာ ကွက်ကျားမှ

နေရာကျဲကျဲမိုးထစ်ချုန်းရွာနိုင်ပါသည်။    

(ခ)    မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံမိုးသက်လေပြင်းများ

ကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ

မိုင်(၄၀)အထိ တိုက်ခတ်နိုင် ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်

တို့တွင် (၈)ပေမှ(၁၀)ပေခန့် ရှိနိုင်ပါသည်။

အကြံပြုချက်

     မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊

သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြု အပ်ပါသည်။