DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁-၉-၂၀၂၅: ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။

 

ဆိုင်ကလုန်းမုန်တိုင်းသတင်း

ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၆/၂၀၁၉)
      (၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၉)ရက်နေ့ မြန်မာစံတော်ချိန်(၁၂:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ

(က) ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့

တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)"ဖန်နီ" (FANI) သည် မြောက်

ဘက်သို့ ရွေ့လျားခဲ့ပြီး၊ သီရိလင်္ကာနိုင်ငံ၊ ထရင်ကိုမာလီမြို့(Trincomalee) ၏ အရှေ့-အရှေ့မြောက်

ဘက် မိုင်(၃၁၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့(Chennai)၏ အရှေ့ တောင်ဘက် မိုင်(၄၃၀)ခန့်၊ မာချီလီ

ပတ္တနမ်မြို့(Machilipatnam)၏ အရှေ့တောင်ဘက် မိုင်(၅၂၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါ

သည်။ အဆိုပါဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ"(FANI)သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့

လျားမည်ဟု ခန့်မှန်းရပါသည်။

(ခ) ဆိုင်ကလုန်းမုန်တိုင်း"ဖန်နီ"(FANI)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့

လျားမည့်အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
 
ဆိုင်ကလုန်းမုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ" (FANI)သည် မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တွင်

မြောက်လတ္တီကျု(၉.၂)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၆.၄)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက် လေဖိအား (၉၉၈)

ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်(၅၅)မိုင် နှုန်း ဖြစ်ပါသည်။

နောက်(၇၂)နာရီအတွင်းခန့်မှန်းချက်

(က)    အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ"(FANI)သည် နောက်(၁၂)နာရီအတွင်း အားကောင်းသော

ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) "ဖန်နီ"(FANI)အဖြစ်သို့လည်းကောင်း၊ နောက်(၃၆)

နာရီအတွင်း အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) "ဖန်နီ"

(FANI)အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရ ပါသည်။  အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း

"ဖန်နီ"(FANI)သည် အနောက်မြောက်ဘက်သို့ ရွေ့ လျားပြီး၊ နောက်(၇၂)နာရီအတွင်း မြောက်-အရှေ့

မြောက်ဘက်သို့ကွေ့ကာ ရွေ့လျားမည် ဟု ခန့်မှန်းရပါသည်။

အကြံပြုချက်

(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ" (FANI)နှင့်ပတ်သက်၍ ပြည်တွင်းလေကြောင်းပျံသန်းရေး၊

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊

သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ် ပါသည်။