DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂-၅-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့ တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့ တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၆/၂၀၂၀)

ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၆/၂၀၂၀)

 (၂၀၂၀ ပြည့်နှစ်၊ မေ  ၁၇  ရက်)        

 (မြန်မာစံတော်ချိန်(၁၀:၃၀)နာရီအချိန်ထုတ်ပြန်ချက်)

 

ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အခြေအနေ

၁။       (က)    ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) အမ်ဖန်(AMPHAN)သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဆက်လက် တည်ရှိနေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) အမ်ဖန် (AMPHAN) သည် အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ပ်မြို့(Paradip) (ဩရိဿ-Odisha)၏ တောင်-အနောက် တောင်ဘက် ရေမိုင် မိုင်(၅၃၀)ခန့်၊ ဒီဂါမြို့(Digha)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၆၁၅)မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကမ်ပူပါရာမြို့ (Khepupara)၏ အနောက်တောင် ဘက် ရေမိုင်(၆၇၅)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက် တောင်ဘက် ရေမိုင် မိုင်(၄၆၀)ခန့်နှင့် ပုသိမ်မြို့(Pathein)၏ အနောက်တောင်ဘက် ရေမိုင် (၆၀၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

 (ခ)       ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) အမ်ဖန်(AMPHAN)၏ လက်ရှိအခြေအနေ မှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင် အဆင့်ဟု သတ်မှတ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) အမ်ဖန်(AMPHAN)၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

၂။       (က)     အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) အမ်ဖန်(AMPHAN)သည် မြန်မာ စံတော်ချိန် (၀၉:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၁၁.၄)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၆.၀)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၂)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေ တိုက်နှုန်းမှာ တစ်နာရီလျှင် (၅၅)မိုင်နှုန်း ဖြစ်ပါသည်။

နောက်(၃၆)နာရီအတွင်းခန့်မှန်းချက်

၃။      (က)    အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) အမ်ဖန်(AMPHAN)သည် နောက်(၆)နာရီ အတွင်း အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) အမ်ဖန် (AMPHAN)အဖြစ်သို့လည်းကောင်း၊ (၁၈.၅.၂၀၂၀)ရက်နေ့တွင် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) အမ်ဖန်(AMPHAN) အဖြစ်သို့ လည်းကောင်း ရောက်ရှိနိုင်ပြီး၊ မြောက်-အရှေ့မြောက်ဘက်သို့ကွေ့ကာ ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်  

 ၄။       (က)    အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) အမ်ဖန်(AMPHAN)၏အရှိန်ကြောင့် (၁၇.၅.၂၀၂၀)မှ (၂၁.၅.၂၀၂၀)ရက်နေ့အထိ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊  ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်ပါသည်။

  (ခ)     မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ သည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၂)ပေခန့် ရှိနိုင်ပါသည်။

အကြံပြုချက်

 ၅။     (က)    အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(CyclonicStorm) အမ်ဖန်(AMPHAN)၏ အရှိန်ကြောင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း           ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။