DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၂၈-၁-၂၀၂၆:ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး ကပ္ပလီ ပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၆/၂၀၂၀)

ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၆/၂၀၂၀)

 (၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ  ၂၄  ရက်)        

              (မြန်မာစံတော်ချိန်(၁၁:၃၀)နာရီအချိန်ထုတ်ပြန်ချက်)

          

(က) ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) နီဗာ(NIVAR)အခြေအနေ

(၁)     ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရ

ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော

အားကောင်းသော မုန်တိုင်းငယ် (Deep Depression) သည် အနောက်-

အနောက်မြောက်ဘက်သို့ ရွေ့ လျားခဲ့ပြီး၊ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic

Storm) နီဗာ(NIVAR)အဖြစ်သို့ ရောက်ရှိခဲ့ကာအိန္ဒိယနိုင်ငံ၊ ပူဒူချယ်ရီ

(Puducherry)မြို့၏ အရှေ့-အရှေ့တောင် ဘက် ရေမိုင် (၂၂၀)မိုင်ခန့်နှင့်

ချင်းနိုင် (Chenn‌ai)မြို့၏ အရှေ့တောင်ဘက် ရေမိုင်(၂၄၅)မိုင်ခန့်အကွာ

ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

                 

(၂)      ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) နီဗာ(NIVAR)၏ လက်ရှိ

အခြေအနေ မှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိ

ပါသဖြင့် အဝါရောင် အဆင့်ဟု သတ်မှတ်ပါသည်။

 

(ခ) ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) နီဗာ(NIVAR)၏ တည်နေရာ၊ ဗဟိုချက်

လေဖိအားနှင့် လေတိုက်နှုန်း

                   အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) နီဗာ(NIVAR)သည်

မြန်မာစံ တော်ချိန် (၁၀:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၀.၀)ဒီဂရီနှင့်

အရှေ့ လောင်ဂျီကျု (၈၃.၀)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၆) ဟက်တိုပါ

စကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)

နှုန်းဖြစ်ပါသည်။

 

(ဂ) နောက်(၃၆)နာရီအတွင်းခန့်မှန်းချက်

                   အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) နီဗာ(NIVAR)သည်

နောက် (၂၄)နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic

Storm) နီဗာ(NIVAR) အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ အနောက်-အနောက်မြောက်ဘက်သို့

ရွေ့လျားကာ၊ နိုဝင်ဘာ(၂၅)ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူး (Tamil Nadu)

ကမ်းခြေနှင့် ပူဒူချယ်ရီ (Puducherry)ကမ်းခြေအနီးမှ ဖြတ် ကျော်ဝင်ရောက်နိုင်သည်ဟု

ခန့်မှန်းရပါသည်။