DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

 ၁၄-၅-၂၀၂၄  ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၃/၂၀၁၉)

ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၃/၂၀၁၉)
(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်)
(မြန်မာစံတော်ချိန်(၀၁:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

(က) အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအခြေအနေ
(၁) ယနေ့မြန်မာစံတော်ချိန် (၀၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့

အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm)

"ဘာဘ်ဘယ်" (BULBUL)သည် မြောက်-အနောက်မြောက် ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်

အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက် စပ်လျှက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်

ပိုင်းသို့ ရောက်ရှိခဲ့ကာ အိန္ဒိယ နိုင်ငံ၊ ပါရာဒစ်ပ်မြို့(Paradip) (ဩရိဿ-Odisha)၏ တောင်-အရှေ့တောင်

ဘက် ရေမိုင် (၂၅၅) မိုင်ခန့်၊ စာဂါကျွန်း(Sagar Islands) (အနောက်ဘင်္ဂလားပြည်နယ်-West Bengal)

၏ တောင်ဘက် ရေမိုင် (၃၂၅)မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့ (Khepupara) ၏ တောင်-အနောက်

တောင်ဘက် ရေမိုင် (၃၆၅)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ စစ်တွေမြို့ (Sittwe) ၏ အနောက်တောင်ဘက် ရေမိုင်

(၃၇၀)မိုင်ခန့်နှင့် မောင်တောမြို့(Maungdaw)၏ အနောက် တောင်ဘက် ရေမိုင် (၃၇၅)မိုင်ခန့်အကွာ

ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(၂) အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း "ဘာဘ်ဘယ်" (BULBUL) ၏ လက်ရှိအခြေ အနေမှာ မြန်မာ

နိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

(ခ) အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
(၁) အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း "ဘာဘ်ဘယ်" (BULBUL) သည် မြန်မာစံတော်ချိန်

(၀၀:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၁၆.၂)ဒီဂရီနှင့် အရှေ့ လောင်ဂျီကျု (၈၇.၉)ဒီဂရီတွင်ရှိပြီး၊

ဗဟိုချက်လေဖိအား (၉၉၂)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၆၀)

နှုန်းဖြစ်ပါသည်။ မုန်တိုင်း၏ လက်ရှိ ရွေ့လျားနှုန်းမှာ တစ်နာရီလျှင် (၁၀)မိုင်နှုန်း ဖြစ်ပါသည်။

(ဂ) နောက်(၄၈)နာရီအတွင်းခန့်မှန်းချက်
(၁) အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း "ဘာဘ်ဘယ်" (BULBUL)သည် နောက် (၁၂)

နာရီအတွင်း မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီးနောက် (၄၈)နာရီ အတွင်း ပိုမိုအား

ကောင်းလာနိုင်မည်ဟု ခန့်မှန်းရပါသည်။

(ဃ) အသိပေးနှိုးဆော်ချက်
(၁) အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း "ဘာဘ်ဘယ်" (BULBUL)၏ အရှိန်ကြောင့်

ယနေ့ညသန်းခေါင်ယံအချိန်မှ နောက်(၄၈)နာရီအတွင်း မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊

ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာ

စိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ တနင်္သာရီ

တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာ

ကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုး

ထစ်ချုန်းရွာပြီး၊ မကွေး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့်

ရခိုင်ပြည်နယ်တို့ တွင် နေရာကွက် ၍ မိုးကြီးနိုင်ပါသည်။

(၂) မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ

မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက် လေပြင်းကျစဉ်

ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင် ပါသည်။ ကျန်မြန်မာ့ပင်လယ်

ပြင်တွင် လှိုင်းကြီးမည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်း

လွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၄)ပေခန့်နှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်

လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၉)ပေခန့် ရှိနိုင်ပါသည်။

အကြံပြုချက်
အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း "ဘာဘ်ဘယ်"(BULBUL)၏ အရှိန်ကြောင့် ပြည်

တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊

ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုး

ဆော်အပ်ပါသည်။