DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

 ၉-၅-၂၀၂၄   ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၄/၂၀၂၃)

ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၄/၂၀၂၃)

(၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

 

(က)   ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အင်ဒရာပရာဒေ့ရှ် တောင်ပိုင်းကမ်းခြေကို နီလိုရီမြို့နှင့် မာချီလီပတ္တနမ်မြို့တို့အကြား၊ ဘပတ်လမြို့အနီး မှ ဖြတ်ကျော်ဝင်ရောက်ခဲ့သော အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “မိကျောင်း” (MICHAUNG)သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဆိုင်ကလုန်း မုန်တိုင်း(Cyclonic Storm) “မိကျောင်း” (MICHAUNG)အဖြစ်သို့ အားလျော့သွားခဲ့ ပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “မိကျောင်း” (MICHAUNG)သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ နောက် (၁၂)နာရီအတွင်း ကုန်းတွင်း မုန်တိုင်းငယ်အဖြစ်သို့ တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။

(ခ)     ယခုသတင်းသည် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိကျောင်း” (MICHAUNG) အတွက် ထုတ်ပြန်ပေးသည့် နောက်ဆုံးသတင်း ဖြစ်ပါသည်။