DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၃-၆-၂၀၂၄: ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပါသည်။

တတိယ(၁၀)ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက် (၁၈.၇.၂၀၁၅)

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ တတိယ(၁၀)ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်လေဖိအားနည်းရပ်ဝန်း(၁)ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊ပိုမိုအားကောင်း

လာကာမုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ပါသည်။ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်

မုတ်သုံလေအားအသင့်အတင့်မှအားကောင်းနိုင်ပါသည်။

မိုးအခြေအနေနှင့် မိုးရွာရက်

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်ရွာသွန်းမြဲထက်

ပိုနိုင်ပြီး၊မန္တလေးတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးတို့တွင်ရွာသွန်းမြဲအောက်လျော့နည်းကာ၊

ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်ရွာသွန်းမြဲခန့်ရွာနိုင်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်(၇)ရက်မှ(၉)ရက်ခန့်၊

ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်(၄)ရက်မှ(၆)ရက်ခန့်ရွာသွန်းနိုင်ပါသည်။