DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၀-၁၀-၂၀၂၅: ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့်ရှိနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားနည်းနေပါသည်။

 

တိုင်ဖွန်းမုန်တိုင်း မတ်မို အခြေအနေသတင်း အမှတ်စဉ် (၀၂/၂၀၂၅)

တိုင်ဖွန်းမုန်တိုင်း မတ်မို အခြေအနေသတင်း အမှတ်စဉ် (၀၂/၂၀၂၅)

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့ မြန်မာစံတော်ချိန် ၀၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်

ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန်တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပါ်နေသော အားကောင်းသောအပူပိုင်းမုန်တိုင်း “မတ်မို” (MATMO) သည် အနောက်- အနောက် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ တိုင်ဖွန်းမုန်တိုင်း “မတ်မို” အဖြစ်သို့ ရောက်ရှိ ခဲ့ပါသည်။ အဆိုပါ တိုင်ဖွန်းမုန်တိုင်း “မတ်မို” သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း တရုတ်နိုင်ငံတောင်ပိုင်း၊ ဟိုင်နန်ကျွန်းမြောက်ပိုင်းနှင့် ကွမ်တုံ ပြည်နယ်ကမ်းခြေဒေသများကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။