တိုင်ဖွန်းမုန်တိုင်း “ဘူအလွိုင်” အခြေအနေသတင်း အမှတ်စဉ်(၀၆/၂၀၂၅)
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် ၁၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်
(၁) တိုင်ဖွန်းမုန်တိုင်း “ဘူအလွိုင်” (BUALOI) အခြေအနေ
ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “ဘူအလွိုင်” သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားလျက်ရှိပြီး ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့ (Da Nang) ၏ မြောက်-အရှေ့မြောက်ဘက် ရေမိုင် ၄၀ မိုင်ခန့်နှင့် ဗင့်မြို့ (Vinh) ၏ အရှေ့တောင် ဘက် ရေမိုင် ၂၁၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(၂) တိုင်ဖွန်းမုန်တိုင်း “ဘူအလွိုင်” ၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ တိုင်ဖွန်းမုန်တိုင်း “ဘူအလွိုင်” သည် မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တွင် မြောက်လတ္တီကျု ၁၆.၆ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၀၈.၆ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၉၇၅ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် ၇၅ မိုင်နှုန်းခန့် ဖြစ်ပါသည်။
(၃) နောက် ၄၈ နာရီအတွင်းခန့်မှန်းချက်
အဆိုပါ တိုင်ဖွန်းမုန်တိုင်း “ဘူအလွိုင်” သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ယနေ့ညပိုင်းတွင် ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေဒေသ များကို ဗင့်မြို့နှင့် ဒါနန်းမြို့တို့ကြား ဒုံဟွိုင်မြို့အနီးမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရ ပါသည်။ ထိုမှတစ်ဆင့် ၂၉-၉-၂၀၂၅ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံနှင့် လာအိုနိုင်ငံ နယ်စပ်တို့ကို အပူပိုင်းမုန်တိုင်း “ဘူအလွိုင်” အဖြစ်ဖြင့်လည်းကောင်း၊ ၃၀-၉-၂၀၂၅ ရက်နေ့တွင် လာအိုနိုင်ငံကို အပူပိုင်းမုန်တိုင်းငယ်အဖြစ်ဖြင့်လည်းကောင်း ဆက်လက် ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။