DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

(၁.၁၂.၂၀၂၃):  ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန်တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက်(၁၂)နာရီအတွင်း မုန်တိုင်းငယ်(Depression) အဖြစ်သို့လည်းကောင်း၊ (၃.၁၂.၂၀၂၃)ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း၌ ဆိုင်ကလုန်း မုန်တိုင်း(Cyclonic Storm)အဖြစ်သို့လည်းကောင်း တဖြည်းဖြည်းအားကောင်းလာနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်ထူထပ်နေပါသည်။

ထူးခြားမြစ်ရေအခြေအနေသတင်း

ထူးခြားမြစ်ရေအခြေအနေသတင်း

(၂၀၂၁ခုနှစ်၊ အောက်တိုဘာလ(၂၂) ရက်၊  (၁၀:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

      ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် ၂၀၂၁ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်နေ့ (၀၆:၃၀) နာရီအချိန် တိုင်းထွာချက်အရ ယင်းမြို့တွင် (၈၆၁) စင်တီမီတာသို့ ​ရောက်ရှိခဲ့ကာ (၁)ရက်အတွင်း (၁၃)ပေခန့် မြင့်တက်ခဲ့ပါသည်။

      ဧရာဝတီမြစ်အထက်ပိုင်းတွင် မြင့်တက်ခဲ့သော အဆိုပါ မြစ်ရေများသည် နောက်(၁)ရက်မှ (၆)ရက်အတွင်း ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊  သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊  စစ်ကိုင်းမြို့နှင့် မြင်းမူမြို့တို့တွင် (၁၀)ပေမှ (၁၂)ပေခန့်၊ နောက် (၁)ရက်မှ ()ရက်အတွင်း  ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့နှင့် ပြည်မြို့တို့တွင် ()ပေမှ (၁၀)ပေခန့်၊  နောက်(၃) ရက်မှ (၁၀)ရက်အတွင်း ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ()ပေမှ ()ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါသည်။

သို့ဖြစ်ပါ၍ မြစ်ကြောင်းများအတွင်း သွားလာနေကြသည့် ရေယာဉ်၊ လှေ၊ သင်္ဘောများအနေဖြင့် ဂရုပြုသင့်ပါကြောင်းနှင့် သဲသောင်ခုံများတွင် စိုက်ပျိုးနေထိုင်ကြသူများအနေဖြင့်လည်း မြစ်ရေတိုး လာနိုင်မှုကို ဂရုပြုနေထိုင်သင့်ပါကြောင်း အကြံပြုအပ်ပါသည်။