DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

(၁၄-၈-၂၀၂၀) ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေနှင့် အနောက်ဘင်္ဂလားပြည်နယ်တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် နောက်(၂၄)နာရီအတွင်း မုန်တိုင်းငယ်(Depression)အဖြစ်သို့ ပိုမိုအားကောင်းလာကာ၊ အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအလွန်ကောင်းနေပါသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာဖွယ်ရာရှိသော မုန်တိုင်းနှင့်စပ်လျဉ်းသည့် အသိပေးချက်

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာဖွယ်ရာရှိသော မုန်တိုင်းနှင့်စပ်လျဉ်းသည့် အသိပေးချက်

 (၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၂၉) ရက်နေ့

        မြန်မာစံတော်ချိန်(၁၅:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

 

//www.moezala.gov.mm/sites/default/files/dmh_pic/lpa%2029.4.2020%20update_5.pdf