DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၃-၉-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းလွန်)တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area) သည် ဆက်လက်တည်ရှိနေပါ သည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျား နိုင်ပြီး၊ နောက် ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်၊ ယင်းနှင့်ဆက်စပ်လျက်ရှိသော ဂျက်ခမ်းပြည်နယ်နှင့် ချက်တစ်ဂတ်ပြည်နယ်မြောက်ပိုင်းကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။

 

မိုးဆက်လက်ကြီးမည့်သတိပေးချက်

  မိုးဆက်လက်ကြီးမည့်သတိပေးချက်
(၂၀၁၇ ခုနှစ်၊ ဇွန်လ (၁၃)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

  မိုးဆက်လက်ကြီးမည့်သတိပေးချက်အမှတ်စဉ်(၀၁/၂၀၁၇)

    ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့သော မုန်တိုင်းငယ် (Depression) ၏

အရှိန်ကြောင့်လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော်(ရခိုင်ကမ်းရိုတန်းဒေသ)တွင် မုတ်သုံလေ

အားကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့်လည်းကောင်း (၁၁.၆.၂၀၁၇)ရက်နေ့မှ

(၁၃.၆.၂၀၁၇)ရက်နေ့အထိ နေရာ အနှံ့အပြားမိုးရွာခဲ့ပြီး၊ ဒေသအလိုက်မိုးကြီးခဲ့ပါသည်။

    ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေ

ကို ဖြတ်ကျော်ဝင်ရောက်ခဲ့သော မုန်တိုင်းငယ် (Depression)၏ အကြွင်းအကျန်တိမ်တိုက်များကြောင့်

လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော်(ရခိုင်ကမ်းရိုးတန်းဒေသ)တွင် မုတ်သုံလေအားကောင်းရာမှ

အား အလွန်ကောင်းနေခြင်းကြောင့်လည်းကောင်း နောက်(၇၂)နာရီအတွင်း ရခိုင်ပြည်နယ်တွင် မိုး

ဆက်လက်ကြီး နေမည်။  
   

ရခိုင်ပြည်နယ်အတွင်း မိုးဆက်လက်ကြီးနေမည်ဖြစ်ပါသောကြောင့် ကုန်းမြင့်ဒေသအနီးတွင်

နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ မြစ်ငယ်ချောင်းငယ်များအနီးတွင်

နေထိုင်ကြ သူများအနေဖြင့် မြစ်ရေရုတ်တရက် မြင့်တက်လာနိုင်ခြင်း၊ ကမ်းရိုးတန်းအနီးတွင်

နေထိုင်ကြသူများအနေ ဖြင့် မိုးထစ်ချုန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်နိုင်ခြင်း တို့ကြောင့်

ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ် ပါသည်။