DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၇-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

မိုးဦး၊မိုးလယ်၊မိုးနှောင်းယေဘူယျခန့်မှန်းချက်

၂၀၁၅ခုနှစ်၊မိုးရာသီကာလအတွက်ယေဘုယျခန့်မှန်းချက်

အနောက်တောင် မုတ်သုံလေ ဝင်ရောက်ခြင်း၊ ဆုတ်ခွာခြင်း အခြေအနေ
အနောက်တောင်မုတ်သုံလေသည်၂၀၁၅ ခုနှစ်၊ဇွန်လပထမ(၁၀)ရက်ပတ်(မြန်မာသက္ကရာဇ်၁၃၇၇ ခုနှစ်၊

နယုန်လပြည့်ကျော်ခန့်)တွင်မြန်မာတစ်နိုင်ငံလုံးသို့ဝင်ရောက်ဖွယ်ရာရှိပါသည်။၂၀၁၅ခုနှစ်၊စက်တင်ဘာ

လတတိယ(၁၀)ရက်ပတ်(မြန်မာသက္ကရာဇ်၁၃၇၇ခုနှစ်၊တော်သလင်းလပြည့်ကျော်ခန့်)တွင်မြန်မာနိုင်ငံ

တစ်ဝှမ်းလုံးမှ ပြန်လည်ဆုတ်ခွာသွားဖွယ်ရာရှိပါသည်။

မိုးဦးကာလခန့်မှန်းချက်
မိုးဦးကာလသည် ၂၀၁၅ ခုနှစ်၊ အနောက်တောင်မုတ်သုံလေမြန်မာနိုင်ငံအတွင်းသို့စတင်ဝင်ရောက်သည့်

နေ့မှဇွန်လကုန်အထိ ဖြစ်ပါသည်။ဘင်္ဂလားပင်လယ်အော်‌တွင်လေဖိအားနည်းရပ်ဝန်း(၂)ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊

(၁)ကြိမ်တွင်ပိုမိုအားကောင်းလာကာမုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ပါသည်။ယင်းကာလအတွင်းအနောက်

တောင်မုတ်သုံလေသည်အားအသင့်အတင့်ရှိနိုင်ပါသည်။မိုးရွာသွန်းမှုအခြေအနေမှာစစ်ကိုင်းတိုင်းဒေသကြီး

အောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ကယားပြည်နယ်နှင့်

ကရင်ပြည်နယ်တို့တွင်ရွာသွန်းမြဲအောက်လျော့ကာ၊ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်ရွာသွန်းမြဲခန့်

ရွာနိုင်ပါသည်။

မိုးလယ်ကာလခန့်မှန်းချက်
မိုးလယ်ကာလသည်၂၀၁၅ ခုနှစ်၊ဇူလိုင်လ(၁)ရက်နေ့မှသြဂုတ်လကုန်အထိဖြစ်ပါသည်။ဘင်္ဂလားပင်လယ်

အော်‌မြောက်ပိုင်းတွင်လေဖိအားနည်းရပ်ဝန်း(၃)ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊(၂)ကြိမ်တွင်ပိုမိုအားကောင်းလာကာ

မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ယင်းကာလအတွင်းအနောက်တောင်မုတ်သုံလေသည်

အားအသင့်အတင့်မှအားကောင်းနိုင်ပါသည်။မိုးရွာသွန်းမှုအခြေအနေမှာကချင်ပြည်နယ်တွင်ရွာသွန်းမြဲထက်

ပိုပြီး၊စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင်ရွာသွန်းမြဲအောက်လျော့ကာ၊ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်

တို့တွင်ရွာသွန်းမြဲခန့်ရွာနိုင်ပါသည်။

မိုးနှောင်းကာလခန့်မှန်းချက်
မိုးနှောင်းကာလသည် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ(၁)ရက်နေ့မှအနောက်တောင်မုတ်သုံလေမြန်မာနိုင်ငံ

တစ်ဝှမ်းလုံးမှပြန်လည်ဆုတ်ခွာသွားသည့်နေ့အထိဖြစ်ပါသည်။ဘင်္ဂလားပင်လယ်အော်‌တွင်လေဖိအားနည်း

ရပ်ဝန်း(၂)ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊ပိုမိုအားကောင်းလာကာမုန်တိုင်းငယ်အဖြစ်သို့ရာက်ရှိနိုင်ပါသည်။ယင်းကာလ

အတွင်းအနောက်တောင်မုတ်သုံလေသည်အားအနည်းငယ်မှအားအသင့်အတင့်ရှိနိုင်ပါသည်။မိုးရွာသွန်းမှု

အခြေအနေမှာဧရာဝတီတိုင်းဒေသကြီးနှင့်တနင်္သာရီတိုင်းဒေသကြီးတို့တွင်ရွာသွန်းမြဲထက်ပိုပြီး၊ကျန်တိုင်း

ဒေသကြီးနှင့်ပြည်နယ်တို့တွင်ရွာသွန်းမြဲခန့်ရွာနိုင်ပါသည်။

၂၀၁၅ခုနှစ်၊ မိုးဦးကာလအတွက် မိုးလေဝသ ခန့်မှန်းချက်

၂၀၁၅ ခုနှစ်၊ မိုးဦးကာလသတ်မှတ်ခြင်း
၂၀၁၅ခုနှစ်၊ မိုးဦးကာလသည် မြန်မာနိုင်ငံအတွင်းသို့အနောက်တောင်မုတ်သုံလေ

စတင်ဝင်ရောက်သည့်နေ့မှ၂၀၁၅ခုနှစ်၊ ဇွန်လကုန်အထိဖြစ်ပါသည်။

၂၀၁၅ ခုနှစ်၊မုတ်သုံလေ ဝင်ရောက်နိုင်မှုအခြေအနေ

အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအရပ်ရပ်သို့အောက်ပါအတိုင်းဝင်ရောက်ဖွယ်ရာရှိပါသည်။

       (က) မေလ (၁၅-၂၀)ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများ

       (ခ)   မေလ(၂၁-၂၆)ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများ

       (ဂ)   မေလ(၂၇-၃၁)ရက်အတွင်း  မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနှင့်

       (ဃ) ဇွန်လ  (၁-၇)ရက်အတွင်း     မြန်မာနိုင်ငံမြောက်ပိုင်းဒေသများ

ဘင်္ဂလားပင်လယ်အော်အခြေအနေ
ဘင်္ဂလားပင်လယ်အော်‌တွင်လေဖိအားနည်းရပ်ဝန်း(၂)ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊(၁)ကြိမ်တွင်ပိုမိုအားကောင်းလာကာ

မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ပါသည်။ယင်းကာလအတွင်းအနောက်တောင်မုတ်သုံလေသည်အားအသင့်

အတင့်ရှိနိုင်ပါသည်။

မိုးအခြေအနေ
မိုးရွာသွန်းမှုအခြေအနေမှာစစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊

ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ကယားပြည်နယ်နှင့်ကရင်ပြည်နယ်တို့တွင်ရွာသွန်းမြဲအောက်လျော့ကာ၊ကျန်တိုင်း

ဒေသကြီးနှင့်ပြည်နယ်တို့တွင်ရွာသွန်းမြဲခန့်ရွာနိုင်ပါသည်။

အနောက်တောင်မုတ်သုံလေသည်စတင်ဝင်ရောက်ချိန်တွင်နေရာကွက်ကျားထစ်ချုန်းမိုးသက်လေပြင်းဖြစ်စဉ်

များဖြစ်ပေါ်တက်ပါသည်။မုတ်သုံလေဝင်ရောက်ပြီးတစ်ပတ်ခန့်ကြာမြင့်ပြီးနောက်ထစ်ချုန်းမိုးသက်လေပြင်းဖြစ်

စဉ်များလျော့နည်းသွားတက်ပါသည်။