DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၉-၁၀-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “မွန်ထာ” (MONTHA) သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းတွင် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “မွန်ထာ” သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island) ၏ အနောက်ဘက် ရေမိုင် ၅၈၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai) ၏ အရှေ့-အရှေ့မြောက်ဘက် ရေမိုင် ၁၉၅ မိုင်ခန့်၊ ကာကီနာဒါမြို့ (Kakinada) ၏ တောင်-အရှေ့တောင်ဘက်‌ ရေမိုင် ၁၆၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေပါသည်။  အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “မွန်ထာ” သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၆ နာရီအတွင်း အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း (Severe Cyclonic Storm) အဖြစ်သို့ ရောက်ရှိနိုင်ကာ နောက် ၂၄ နာရီအတွင်း အင်ဒရာပရာဒေ့ရှ်ကမ်းခြေကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းတွင် တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့် အတင့် ဖြစ်ထွန်းနေပါသည်။

 

မိုးလေဝသသတင်း

မိုးလေဝသသတင်း
(၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၁)ရက်နေ့ မြန်မာစံတော်ချိန်(၀၆:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

မိုးလေဝသသတင်း
  အမှတ်စဉ်(၀၂)၊၂၀၁၈  

မိုးလေဝသအခြေအနေ

ယနေ့မြန်မာစံတော်ချိန်(၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်

ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်ကမ်းခြေတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည်

ဘင်္ဂလားဒေ့ရှ်ကမ်းခြေကို စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး၊ ဖီနီမြို့အနီးတွင် လေဖိအား

နည်းရပ်ဝန်း(Low Pressure Area)အဖြစ် အားလျော့သွားပြီ ဖြစ်ပါသည်။  

ယခုသတင်းသည် မုန်တိုင်းငယ်အတွက် နောက်ဆုံးထုတ်ပြန်ပေးသည့်သတင်း ဖြစ်ပါသည်။