DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

(၂၉-၀၃-၂၀၂၄):ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့ တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော် တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

မိုးကြီးမည့်သတိပေးချက်(၂၄.၆.၂၀၁၅)

မိုးကြီးမည့်သတိပေးချက်

ဇွန်လ(၂၄)ရက်နေ၊့ မြန်မာစံတော်ချိန် (၁၅း၃၀)နာရီအချိန် ထုတ်ပြန်ချက်)

   ယနေ့မြန်မာစံတော်ချိန်(၁၅း၀၀)နာရီအချိန်မိုးလေဝသတိုင်းထွာချက်များအရကပ္ပလီပင်လယ်ပြင်နှင့်

ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေအားကောင်းနေခြင်းကြောင့်ယနေ့မွန်းလွဲမှနောက်(၃)ရက်

အတွင်းအောက်ဖော်ပြပါတိုင်းဒေသကြီးနှင့်ပြည်နယ်များတွင်နေရာအနှံ့အပြားမိုးရွာပြီး၊ဒေသအလိုက်နှင့်

နေရာကွက်၍မိုးကြီးနိုင်ပါသည်။

    ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်း ဒေသကြီး၊ချင်း

ပြည်နယ်၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်(၂၄)နာရီအတွင်းမိုးရေချိန်(၃)လက်မ

(၇၇-မီလီမီတာ)နှင့်အထက်ရွာသွန်းနိုင်ပါသည်။

     သို့ဖြစ်ပါ၍ကုန်းမြင့်ဒေသအနီးတွင်နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊

မြစ်ငယ်ချောင်းငယ်များအနီးတွင်နေထိုင်ကြသူများအနေဖြင့်မြစ်ရေရုတ်တရက်မြင့်တက်လာနိုင်ပြီးရေကြီး

ရေလျှံမှု ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြု နိုင်ပါရန် အကြံပြုအပ်ပါသည်။