DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၇-၇-၂၀၂၄: ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေနှင့် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area) သည် ပိုမိုအားကောင်းလာကာ၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလား ပြည်နယ်ကမ်းခြေနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင် အားကောင်းသောလေဖိအားနည်း ရပ်ဝန်း(Well Marked Low Pressure Area) အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် နောက် ၁၂ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဂျက်ခမ်းပြည်နယ်နှင့် ဩရိဿပြည်နယ်မြောက်ပိုင်းတို့ကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပါသည်။

မိုးကြီးမည့်သတိပေးချက်(၂၇.၇.၂၀၁၅)

မိုးကြီးမည့်သတိပေးချက်

ဇူလိုင်လ(၂၇)ရက်နေ၊့ မြန်မာစံတော်ချိန် (၁၄း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

 

မိုးကြီးမည့်သတိပေးချက်၊အမှတ်စဉ်(၀၃/၂၀၁၅)

ယနေ့မြန်မာစံတော်ချိန်(၁၃း၃၀)နာရီအချိန်မိုးလေဝသတိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အရှေ့

မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသောမုန်တိုင်းငယ်၏အရှိန်ကြောင့်လည်းကောင်း၊ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလား

ပင်လယ်အော်တို့တွင်မုတ်သုံလေအားကောင်းရာမှအားအလွန်ကောင်းနေခြင်းကြောင့်လည်းကောင်း၊ယနေ့

မွန်းလွဲမှနောက်(၃)ရက်အတွင်းအောက်ဖော်ပြပါတိုင်းဒေသကြီးနှင့်ပြည်နယ်များတွင်နေရာစိပ်စိပ်မှနေရာအနှံ့

အပြားမိုးထစ်ချုန်းရွာပြီး၊ဒေသအလိုက်နှင့်နေရာကွက်၍မိုးကြီးနိုင်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊

ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်(၂၄)နာရီအတွင်းမိုးရေချိန်

(၃)လက်မ(၇၇-မီလီမီတာ)နှင့်အထက်ရွာသွန်းနိုင်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးတို့တွင်(၂၄)နာရီအတွင်း

မိုးရေချိန်(၁)လက်မခွဲ (၃၈-မီလီမီတာ) နှင့်အထက်ရွာသွန်းနိုင်ပါသည်။

သို့ဖြစ်ပါ၍ကုန်းမြင့်ဒေသအနီးတွင်နေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊မြစ်ငယ်ချောင်း

ငယ်များအနီးတွင်နေထိုင်ကြသူများအနေဖြင့်မြစ်ရေရုတ်တရက်မြင့်တက်လာနိုင်ပြီးရေကြီးရေလျှံမှုဖြစ်ပေါ်နိုင်သဖြင့်

ကြိုတင်သတိပြု နိုင်ပါရန်အကြံပြုအပ်ပါသည်။