DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၅-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊  ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

မုတ်သုံရာသီ မိုးလေဝသခန့်မှန်းချက် (၂၈.၆.၂၀၁၄)

အနောက်တောင် မုတ်သုံလေ ဝင်ရောက်ခြင်း၊ ဆုတ်ခွာခြင်း အခြေအနေ
အနောက်တောင်မုတ်သုံလေသည် ၂၀၁၄ ခုနှစ်၊ ဇွန်လ ပထမ (၁၀)ရက်ပတ် (မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်၊ နယုန်လဆန်းခန့်)တွင် မြန်မာတစ်နိုင်ငံလုံးသို့ ဝင်ရောက်ဖွယ်ရာရှိပါသည်။ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ပထမ (၁၀)ရက်ပတ် (မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်၊ သီတင်းကျွှတ်လဆန်းခန့်)တွင် မြန်မာတစ်နိုင်ငံလုံးသို့ ပြန်လည် ဆုတ်ခွာသွားဖွယ်ရာရှိပါသည်။

မိုးဦးကာလခန့်မှန်းချက်
မိုးဦးကာလသည် ၂၀၁၄ ခုနှစ်၊ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံအတွင်းသို့ စတင်ဝင်ရောက်သည့်နေ့မှ ဇွန်လကုန်အထိ ဖြစ်ပါသည်။ ဘင်္ဂလားပင်လယ်အော်‌အတွင်း လေဖိအားနည်းရပ်ဝန်း(၂)ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေသည် အားအသင့်အတင့် ရှိနိုင်ပါသည်။ မိုးရွာသွန်းမှု အခြေအနေမှာ တနင်္သာရီတိုင်းဒေသကြီးတွင် ရွာသွန်းမြဲထက်ပိုပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲအောက်လျော့ကာ၊ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် ရွာနိုင်ပါသည်။

မိုးလယ်ကာလခန့်မှန်းချက်
မိုးလယ်ကာလသည် ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့မှ သြဂုတ်လကုန်အထိ ဖြစ်ပါသည်။ ဘင်္ဂလားပင်လယ်အော်‌မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း (၂)ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေသည် အားကောင်းနိုင်ပါသည်။ မိုးရွာသွန်းမှု အခြေအနေမှာ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲအောက်လျော့ကာ၊ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့်ရွာနိုင်ပါသည်။

မိုးနှောင်းကာလခန့်မှန်းချက်
မိုးနှောင်းကာလသည် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာ (၁)ရက်နေ့မှ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ ပြန်လည်ဆုတ်ခွာသည့်နေ့အထိ ဖြစ်ပါသည်။ ဘင်္ဂလားပင်လယ်အော်‌တွင် လေဖိအားနည်းရပ်ဝန်း (၃)ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေသည် အားအသင့်အတင့် ရှိနိုင်ပါသည်။ မိုးရွာသွန်းမှု အခြေအနေမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက်လျော့ကာ၊ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့်ရွာနိုင်ပါသည်။

၂၀၁၄ခုနှစ်၊ မိုးလယ်ကာလအတွက် မိုးလေဝသ ခန့်မှန်းချက်

၂၀၁၄ ခုနှစ်၊ မိုးလယ်ကာလသတ်မှတ်ခြင်း
၂၀၁၄ခုနှစ်၊ မိုးလယ်ကာလသည် ၂၀၁၄ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့မှ သြဂုတ်လ(၃၁)ရက်နေ့(မြန်မာသက္ကရာဇ် ၁၃၇၆ခုနှစ်၊ နယုန်လဆန်း(၅)ရက်နေ့မှဝါခေါင်လဆုတ်(၇)ရက်နေ့အထိဖြစ်ပါသည်။

ဘင်္ဂလားပင်လယ်အော်အခြေအနေ
ဘင်္ဂလားပင်လယ်အော်‌အတွင်းလေဖိအားနည်းရပ်ဝန်း(၂)ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊(၁)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ပါသည်။ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေအားကောင်းနိုင်ပါသည်။မိုးလယ်ကာလတွင် မုတ်သုံလေအားပြတ်ခြင်း(၁)ကြိမ်ဖြစ်ပေါ်နိုင်ပါသည်။

မိုးအခြေအနေ
မိုးရွာသွန်းမှု အခြေအနေမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးတို့တွင် ရွာသွန်းမြဲအောက်လျော့ကာ၊ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် ရွာနိုင်ပါသည်။