DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၉-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

မုန်တိုင်းငယ်သတင်း

မုန်တိုင်းငယ်သတင်း
(၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၈)ရက်နေ့
မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၁၈)၊၂၀၁၈  

မုန်တိုင်းငယ်အခြေအနေ
     ယနေ့မြန်မာစံတော်ချိန်(၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်

ကမ်းခြေကို တူနီမြို့(Tuni)အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း "ဖီထိုင်း"(PHETHAI)

သည် မုန်တိုင်းငယ်(Depression) အဖြစ်သို့ အားလျော့သွားခဲ့ပြီး၊ မြောက်- အရှေ့မြောက်ဘက်သို့

ဆက်လက် ရွေ့လျားကာ၊ တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။
  ယခုသတင်းသည် ဆိုင်ကလုန်းမုန်တိုင်း"ဖီထိုင်း"(PHETHAI)အတွက် ထုတ်ပြန်ပေး သည့် နောက်ဆုံး

သတင်း ဖြစ်ပါသည်။

သတိပေးနှိုးဆော်ချက်        
    အဆိုပါ မုန်တိုင်းငယ်၏ အကြွင်းအကျန်တိမ်တိုက်များ၏ အရှိန်ကြောင့် ယနေ့နံနက်မှ နောက်(၃၆)နာရီ

အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်

တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်

(တောင်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။