DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၁-၄-၂၀၂၆ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

မုန်တိုင်းငယ်သတင်း

မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၁၂)၊၂၀၁၇
-------------------------------------------------
မုန်တိုင်းငယ်အခြေအနေ
-------------------------

(က) ယနေ့မြန်မာစံတော်ချိန် (၁၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် အိန္ဒိယနိုင်ငံ၊ သြရိဿ

ကမ်းခြေတောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)

သည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်

အနောက်မြောက်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေမြောက်ပိုင်း နှင့်

အနောက်ဘင်္ဂလားကမ်းခြေဒေသများပေါ်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်

အားပျော့ သွားပြီဖြစ်ပါသည်။
(ခ) ယခုသတင်းသည် မုန်တိုင်းငယ်အတွက် ထုတ်ပြန်ပေးသည့်

နောက်ဆုံးသတင်း ဖြစ်ပါသည်။