DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂-၉-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက် ၂၄ နာရီအတွင်း ပိုမိုအားကောင်း လာနိုင်ပြီး၊ ထိုမှတစ်ဆင့် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားကာ၊ နောက် ၄၈ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။

 

မုန်တိုင်းငယ်အခြေအနေ

         

မုန်တိုင်းငယ်သတင်း

(၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ(၂၀)ရက်နေ့

မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၆)၊၂၀၁၇

မုန်တိုင်းငယ်အခြေအနေ

(က)ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန်တိုင်းထွာ ချက်များ အရအိန္ဒိယနိုင်ငံ၊

သြရိဿ ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက် ခဲ့သော မုန်တိုင်းငယ် (Depression)သည်

မြောက်-အနောက်မြောက် ဘက်သို့ ဆက်လက်ရွေ့လျားခဲ့ပြီး၊ ကုန်းတွင်းမုန်တိုင်း ငယ်အဖြစ်သို့

ရောက်ရှိ ခဲ့ပါသည်။အဆိုပါကုန်းတွင်း မုန်တိုင်းငယ်သည် နောက်(၂၄)နာ ရီအတွင်း မြောက်-အရှေ့

မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ၊ လေဖိအားနည်းရပ်ဝန်းအဖြစ် တစ်ဖြည်းဖြည်း

အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။