DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၉-၄-၂၀၂၄  ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင် နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

မုန်တိုင်းငယ်အခြေအနေ

      မုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၁/၂၀၁၉)
      (၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၆)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

မုန်တိုင်းငယ်အခြေအနေ

(က) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အီကွေတာအနီး အိန္ဒိယ

သမုဒ္ဒရာနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းတို့တွင်

ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်(Depression)

တစ်ခုအဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ သီရိလင်္ကာနိုင်ငံ၊ ထရင်ကို မာလီမြို့ (Trincomalee)၏ အရှေ့-

အရှေ့တောင်ဘက် မိုင်(၆၂၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့(Chennai)၏ အရှေ့တောင်ဘက် မိုင်

(၈၄၀)ခန့်၊ မာချီလီပတ္တနမ်မြို့ (Machilipatnam)၏ တောင်-အရှေ့တောင်ဘက် မိုင်(၈၂၀)ခန့်အ

ကွာပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါမုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့

ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။

(ခ)    မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေ

အနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

 မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

(က)    အဆိုပါမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု

(၂.၇)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၉.၇)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၈) ဟက်တိုပါ

စကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၃၀)နှုန်း ဖြစ်ပါသည်။

နောက်(၃၆)နာရီအတွင်းခန့်မှန်းချက်

(က) အဆိုပါ မုန်တိုင်းငယ်သည် နောက်(၂၄)နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ် (Deep

Depression)အဖြစ်သို့လည်းကောင်း၊ နောက်(၃၆)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း (Cyclonic

Storm)အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်မည်ဟု ခန့်မှန်းရပါသည်။
 
အကြံပြုချက်

(က) အဆိုပါ မုန်တိုင်းငယ်နှင့်ပတ်သက်၍ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ ကမ်းရိုးတန်း

တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများ

အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။